A d v e r t i s e m e n t With Us

အင်ဒိုနီးရှား ပျက်ကျလေယာဉ်မှ Black Box ပြန်ရ

ပျက်ကျ အင်ဒိုနီးရှားလေယာဉ်က လေယာဉ်ပျံသန်းချိန် မှတ်တမ်းတင်စက် (black box) ကို အာဏာပိုင်တွေက ပြန်ရပြီလို့  KompasTV သတင်းဌာနက ဇန်နဝါရီ ၁၂ ရက်မှာ ထုတ်လွှင့်ပါတယ်။  Black Box ကို ဆယ်ယူရရှိပြီးနောက် ဂျကာတာဆိပ်ကမ်းဆီ သယ်လာနေတယ်လို့ သတင်းဌာနက ဆိုပါတယ်။ ပင်လယ်ထဲက ဆယ်ယူရတဲ့ အပျက်အစီး အစိတ်အပိုင်းတွေပေါ် အခြေခံပြီး လေယာဉ်ပျက်ကျချိန် ဂျက်အင်ဂျင်ဟာ အလုပ်လုပ်နေတယ်လို့ အမျိုးသားပို့ဆောင်ရေးဆိုင်ရာ ဘေးကင်းရေးကော်မတီ (KNKT) က ပြောပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ အမှုထမ်း စုစုပေါင်း ၆၂ ယောက် လိုက်ပါသွားတဲ့ ဆရီဝီဂျာယာလေကြောင်းလိုင်းပိုင် ဘိုးရင်းလေယာဉ်ဟာ ဇန်နဝါရီ ၉ ရက်မှာ လေဆိပ်က ပျံတက်ပြီး ၄ မိနစ်အကြာမှာ ဂျားဗားပင်လယ်ထဲ ပျက်ကျသွားခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up