လက်စ်ဗေးဂတ်စ် CES နည်းပညာပြပွဲကို အွန်လိုင်းမှတဆင့် ကျင်းပမည်

နှစ်စဉ်နှစ်တိုင်း အမေရိကန်နိုင်ငံ လက်စ်ဗေးဂတ်စ်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့အကြီးဆုံး နည်းပညာပြပွဲကြီး CES က အွန်လိုင်းပြပွဲကို ဇန်နဝါရီ ၁၁ ရက်မှာ စတင်လိုက်ပါတယ်။        ကပ်ရောဂါနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေရှိတာကြောင့် အွန်လိုင်းကနေပဲ ပြပွဲ ကျင်းပသွားမယ်လို့ ကြေညာပြီးနောက်မှာ စတင်လိုက်တာပါ။ “ကိုဗစ်ကြောင့် CES ပြပွဲကို လူကိုယ်တိုင် တက်ရောက်တဲ့ ပြပွဲကနေ ဒစ်ဂျစ်တယ်ပြပွဲအဖြစ် ပြောင်းလိုက်ပါတယ်။ ကျနော်တို့ဟာ ပြဿနာကိုသာ ဖြေရှင်းလိုပြီး ပြဿနာ မရှာလိုပါဘူး” လို့ CTA စီအီးအို ဂယ်ရီရှာပီရိုက ပြောဆိုပါတယ်။  အွန်လိုင်းပြပွဲပြုလုပ်မှာနဲ့ပတ်သက်လို့ ပြခန်းမှာ ပါဝင်မယ့်သူတွေက အပြုသဘော တုံ့ပြန်တယ်လို့လည်း ရှာပီရိုက ဆိုပါတယ်။  “ကျနော်တို့နဲ့အတူ ဒီစမ်းသပ်မှုမှာ ကုမ္ပဏီထောင်ချီ ပါဝင်မယ် မျှော်လင့်ပါတယ်။ အခု ပါဝင်မယ့် ကုမ္ပဏီ ၁,၈၀၀ ကျော် ရှိတယ်” လို့ သူက ပြောပါတယ်။  CTA ဖော်ပြချက်အရ CES 2020  ပြပွဲမှာ နိုင်ငံတကာက တက်ရောက်သူ ၆၀,၀၀၀ အပါအဝင် ခန့်မှန်းတက်ရောက်သူ ၁၇၀,၀၀၀ ဝန်းကျင်ရှိမယ်လို့ သိရပါတယ်။  အွန်လိုင်းကနေ နည်းပညာပြပွဲ ကျင်းပတဲ့ ကောင်းကျိုးတစ်ခုက နိုင်ငံတကာက တက်ရောက်သူ အရေအတွက် တိုးလာနိုင်တယ်လို့ ရိုက်တာက သုံးသပ်တင်ပြပါတယ်။

More News
Up