ကိုဗစ်-၁၉ ထိန်းချုပ်ရန် မလေးရှားတွင် ဒုတိယအကြိမ် လော့ဒေါင်းချ

မလေးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်ဖို့ တနိုင်ငံလုံး ဒုတိယအကြိမ် လော့ဒေါင်းချထားမှာကို ကွာလာလမ်ပူ မြို့သူမြို့သားတွေက ကြိုဆိုလိုက်ပါတယ်။ ပေါက်စီရောင်းသူတစ်ဦးကလည်း “ဒုတိယအကြိမ်လော့ဒေါင်းအရ လုပ်ငန်းသေးလေးတွေကို လုပ်ကိုင်ခွင့်ပြုထားတယ်။ ဒါကြောင့် အစိုးရဆီက အကူအညီမလိုဘူး။ ဒီအဆင့်အထိ သဘောတူပါတယ်” လို့ ပြောပါတယ်။  ဇန်နဝါရီ ၁၂ ရက်မှာ မလေးရှားဘုရင်က အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။  ဒီကြေညာချက်က ဝန်ကြီးချုပ် မူဟီဒင်ယာဆင်ရဲ့ အာဏာချုပ်ကိုင်မှုကို ပိုမိုခိုင်မာစေပြီး ရွေးကောက်ပွဲတွေကို ကြန့်ကြာစေပါတယ်။ အရေးပေါ်အမိန့်က ဝန်ကြီးချုပ်နဲ့ သူ့အစိုးရအဖွဲ့ကို လွှတ်တော်ထောက်ခံချက် မပါဘဲ ဥပဒေပြဋ္ဌာန်းခွင့်အပါအဝင် အထူးလုပ်ပိုင်ခွင့်တွေကို ပေးထားပါတယ်။  လက်ရှိ မလေးရှားနိုင်ငံမှာ စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်သူ ၁၃၈,၀၀၀ ကျော်ရှိပြီး သေဆုံးသူ  ၅၅၅ ယောက် ရှိတယ်လို့ ရိုက်တာအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up