A d v e r t i s e m e n t With Us

ဆင်းရဲသည့်နိုင်ငံများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနိုင်ရေး ဆေးထုတ်လုပ်ပံ့ပိုးသူများအပေါ် မူတည် 

ဆင်းရဲတဲ့နိုင်ငံတွေမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးကို ဖေဖော်ဝါရီလမှာ စတင် ထိုးနှံနိုင်ရေးဟာ ကာကွယ်ဆေး ထုတ်လုပ်ပံ့ပိုးသူတွေအပေါ်မှာ မူတည်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ဇန်နဝါရီ ၁ ရက်မှာ ပြောလိုက်ပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေအတွက် ကိုဗက်စ် ကာကွယ်ဆေး ဖြန့်ဖြူးရေး အစီအစဉ် ကိုဗက်စ်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးဆေးတွေ ပေးဖို့ကိုလည်း ဆေးဝါးထုတ်လုပ်သူတွေကို ဆတက်ထမ်းပိုး မေတ္တာရပ်ခံလိုက်ပါတယ်။ WHO က ကျောထောက်နောက်ခံ ပေးထားတဲ့ ကိုဗက်စ် အစီအစဉ်၊ ကာကွယ်ဆေး မိတ်ပေါင်းစုအဖွဲ့ ဂါဗီနဲ့ ကပ်ဘေးပြင်ဆင်မှု ဆန်းသစ်တီထွင်ရေးအတွက် ညွန့်ပေါင်းအဖွဲ့တို့ဟာ အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ရန်ပုံငွေ ရှာထားပြီး ကာကွယ်ဆေး ထိုးဆေး ၂ ဘီလီယံကို ဝယ်ဖို့ မှာယူထားပြီးပါပြီ။ နောက်ထပ် ထိုးဆေး ၁ ဘီလီယံ ထပ်ရဖို့ကိုလည်း ကြိုးစားနေပါတယ်။  တရုတ်၊ အမေရိကန်၊ အစ္စရေးနဲ့ တခြားနိုင်ငံတွေ အပါအဝင် နိုင်ငံတွေက စောစော သယ်ယူ ပို့ဆောင်ပြီး ကာကွယ်ဆေး စထိုးပေးနေပါပြီ။ အကန့်အသတ်နဲ့ ကျန်နေတဲ့ သိုလှောင်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေက ဝင်ငွေနိမ့်နဲ့ ဝင်ငွေ အလယ်အလတ် ရှိတဲ့ နိုင်ငံပေါင်း ၉၂ နိုင်ငံအတွက် မလောက်မှာကို WHO က စိုးရိမ်နေပါတယ်။ နိုင်ငံ ၄၀ ကျော်က  ဖိုက်ဇာနဲ့ ဘိုင်အိုအန်တက်၊ မိုဒါနာ၊ အဲ့စ်ထရာ ဇေနေကာ စတဲ့ ကုမ္ပဏီတွေက ထုတ်တဲ့ ကာကွယ်ဆေးတွေကို စတင်ထိုးနှံနေကြပြီး ရုရှားနဲ့ တရုတ်တို့ကလည်း ကာကွယ်ဆေးတွေ ထုတ်ပြီးနေကြပါပြီ။ ရိုက်တာသတင်းဌာနရဲ့ သတင်းအချက်အလက်တွေအရ တရုတ်ဟာ ကာကွယ်ဆေး အများဆုံး ထိုးပေးပြီးတဲ့နိုင်ငံဖြစ်နေပြီး လူ ၉ သန်း၊ အမေရိကန်က ၆ ဒသမ ၇ သန်းနဲ့ အစ္စရေးက လူ ၁ ဒသမ ၈ သန်းတို့ကို ကာကွယ်ဆေးအသီးသီး ထိုးပေးခဲ့ပြီးပါပြီ။

A d v e r t i s e m e n t With Us

More News
Up