A d v e r t i s e m e n t With Us

ကာဂျစ္စတန် ရွေးကောက်ပွဲတွင် အမျိုးသားရေးဝါဒီ ဆာဒီယာဂျာပါရော့ဗ် အနိုင်ရ

ကာဂျစ္စတန်နိုင်ငံက ကြားဖြတ်သမ္မတ ရွေးကောက်ပွဲမှာ အမျိုးသားရေးဝါဒီ နိုင်ငံရေးသမား ဆာဒီယာဂျာပါရော့ဗ်က တောင်ပြိုကမ်းပြို အနိုင်ရသွားပါတယ်။ ဂျပါရော့ဗ်ဟာ မဲစုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးကို အနိုင်ရခဲ့ပြီး ကာဂျစ္စတန် ဗဟို ရွေးကောက်ပွဲကော်မရှင်က ပြထားတဲ့ အချက်အလက်တွေကို ကိုးကားထားတဲ့ ကနဦးရလဒ် ဖြစ်တာမို့ မဲရလဒ်ချင်း နီးစပ်ပြီး နောက်တကြိမ် ရွေးကောက်ပွဲ ပြန်ကျင်းပရတာမျိုး ရှိမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။  လွှတ်တော်ရဲ့ စရိတ်နဲ့ သမ္မတကို သြဇာပိုကြီးအောင်  စီစဉ်ပေးမယ့် အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်ကိုလည်း မဲရှင် ၈၀ ရာခိုင်နှုန်းကျော်က ထောက်ခံခဲ့ပါတယ်။ ဂျပါရော့ဗ်ကလည်း ပြုပြင်ပြောင်းလဲရေးကို ဇွန်လမှာ ဥပဒေပြုမယ်လို့ ပြောပါတယ်။  လူဦးရေ ၆ ဒသမ ၅ သန်းသာ ရှိတဲ့ တောင်ထူထပ်တဲ့ ကာဂျစ္စတန်နိုင်ငံဟာ ရုရှားရဲ့ မဟာမိတ်ဖြစ်ပြီး ရုရှားစစ်တပ် အခြေစိုက်စခန်းတခုလည်း နိုင်ငံထဲမှာ ရှိနေပါတယ်။ အဲဒီစခန်းဟာ ထောင်သောင်းချီနေတဲ့ ကာဂျစ္စတန် ရွှေ့ပြောင်းလုပ်သားတွေအတွက် အဓိက ပန်းတိုင် ဖြစ်နေပါတယ်။ ဆင်းရဲပြီး မွတ်စလင် လူများစုဖြစ်တဲ့ ကာဂျစ္စတန်မှာ အိမ်နီးချင်း တရုတ်ဟာ ကုန်သွယ်ဖက် ဖြစ်သလို ရင်းနှီးမြှုပ်နှံသူ နိုင်ငံလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up