၂၄ နာရီအတွင်း ပြည်၊ ဟင်္သာတ၊ ဇလွန်နှင့် ငသိုင်းချောင်းမြို့ ရေကြီးမည်
ရွှေအောင်
·
September 15, 2013
အခုအချိန်ကနေ နောက် ၂၄ နာရီအတွင်း ပြည်၊ ဟင်္သာတ၊ ဇလွန်နဲ့ ငသိုင်းချောင်းမြို့တွေမှာ မြို့ရဲ့စိုးရိမ်ရေမှတ်အထက် ၁ ပေလောက်ထိ ရေတက်နိုင်တယ်လို့ မြန်မာနိုင်ငံမိုးလေ၀သဌာနက သတိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။မန္တလေးနဲ့ စစ်ကိုင်းတိုင်းတို့မှာ ဧရာဝတီမြစ်ရေတက်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မိုးလေ၀သဌာန ညွှန်ကြားရေးမှူး ဦးချစ်ကျော်ကို ဆက်သွယ်မေးကြည့်တော့ အခုအချိန်ဟာ မြန်မာနိုင်ငံရဲ့တတိယအကြိမ် ရေကြီးကာလဖြစ်တယ်။ စက်တင်ဘာ ၂၁ ရက် နောက်ပိုင်းကျမှ ရေပြန်ကျသွားနိုင်တယ်လို့ ပြောပါတယ်။ ဦးချစ်ကျော်နဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။