၂၄ နာရီအတွင်း ပြည်၊ ဟင်္သာတ၊ ဇလွန်နှင့် ငသိုင်းချောင်းမြို့ ရေကြီးမည်

အခုအချိန်ကနေ နောက် ၂၄ နာရီအတွင်း ပြည်၊ ဟင်္သာတ၊ ဇလွန်နဲ့ ငသိုင်းချောင်းမြို့တွေမှာ မြို့ရဲ့စိုးရိမ်ရေမှတ်အထက် ၁ ပေလောက်ထိ ရေတက်နိုင်တယ်လို့ မြန်မာနိုင်ငံမိုးလေ၀သဌာနက သတိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။မန္တလေးနဲ့ စစ်ကိုင်းတိုင်းတို့မှာ ဧရာဝတီမြစ်ရေတက်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မိုးလေ၀သဌာန ညွှန်ကြားရေးမှူး ဦးချစ်ကျော်ကို ဆက်သွယ်မေးကြည့်တော့ အခုအချိန်ဟာ မြန်မာနိုင်ငံရဲ့တတိယအကြိမ် ရေကြီးကာလဖြစ်တယ်။ စက်တင်ဘာ ၂၁ ရက် နောက်ပိုင်းကျမှ ရေပြန်ကျသွားနိုင်တယ်လို့ ပြောပါတယ်။ ဦးချစ်ကျော်နဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up