နာမည်ကျော် Sex and the City ရုပ်သံစီးရီးစ် အခန်းဆက်ရိုက်ကူးမည်(ရုပ်သံနမူနာ)

 
View this post on Instagram
 

A post shared by SJP (@sarahjessicaparker)

နာမည်ကျော် ရုပ်သံစီးရီးစ်တခုဖြစ်တဲ့ Sex and the City ရုပ်သံစီးရီးစ်ကို အခန်း ဆက်အနေနဲ့ ဆက်လက်ရိုက်ကူးသွားမယ်လို့ HBOMax က ထုတ်ပြန်လိုက်ပါတယ်။ ဒီစီးရီးစ်သစ်ကိုတော့ နာရီဝက်စာ အပိုင်း ၁၀ ပိုင်းထုတ်လွှင့်ပြသမယ်လို့ သိရပြီး ဒါရိုက်တာ Michael Patrick King နဲ့အတူ ဝါရင့်သရုပ်ဆောင်မင်းသမီးကြီးတွေ ဖြစ်ကြတဲ့ Sarah Jessica Parker၊ Cynthia Nixon နဲ့ Kristin Davis တို့ ၃ ယောက်က ထုတ်လုပ်သူအနေနဲ့ရော သရုပ်ဆောင်တွေအနေနဲ့ပါ ပါဝင်သွားကြမှာလို့ သိရပါတယ်။ အရင်စီးရီးစ်တွေထဲ Samantha Jones အနေနဲ့ သရုပ်ဆောင်ခဲ့သူ မင်းသမီး Kim Cattrall ကတော့ မပါဝင်တော့ဘူးလို့ ဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး Sarah Jessica Parker ကတော့ သူ့ရဲ့ အင်စတာဂ ရမ်စာမျက်နှာပေါ်မှာ And just like that… ဆိုတဲ့ စာတန်းထိုးပါ ရုပ်သံဗွီဒီယိုကို ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။ Sex and the City ရုပ်သံစီးရီးစ်ကတော့ ဒီနာမည်နဲ့ပဲ စာရေးဆရာမ Candace Bushnell ရဲ့ ၁၉၉၇ ခုနှစ်ထွက် စာအုပ်ကို အခြေတည်ရိုက်ကူးခဲ့ပြီး HBO က ၁၉၉၈ ခုနှစ် ကနေ ၂၀၀၄ ခုနှစ်အထိ Season ၆ ခုစာ ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး အမ်မီဆု ၇ ဆုနဲ့ ရွှေ ကမ္ဘာလုံးဆု ၈ ဆုထိ ရရှိခဲ့ပါတယ်။ ရုပ်ရှင်အနေနဲ့လည်း ၂၀၀၈ ခုနှစ်မှာ  “Sex and the City” ၊ ၂၀၁၀ ပြည့်နှစ်မှာ “Sex and the City 2” ဆိုပြီး ထွက်ရှိခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းကတော့ ၁၉၉၀ ပြည့်လွန်ကာလ နယူးယောက်မြို့က အသက် ၃၀ ဝန်းကျင် အမျိုးသမီး ၄ ယောက်ရဲ့ ဘဝခံယူချက်၊ အချင်းချင်းကြား သံယောဇဉ်နဲ့ အချစ်စစ်ကို ရှာဖွေရင်း အလွဲလွဲအချော်ချော် အဖြစ်အပျက်တွေနဲ့အတူ ဘယ်လိုဖြတ်ကျော်သွား ကြမလဲဆိုတာတွေကို Comedy ၊ Drama၊ Romance ဇာတ်လမ်းအနေနဲ့ ရိုက်ကူးခဲ့ကာ ခုအပိုင်းသစ်မှာတော့ အသက် ၅၀ အရွယ်ရောက်ရှိလာကြပြီဖြစ်တဲ့ သူတို့တွေအကြားက အခြေအနေတွေနဲ့ ဆက်လက်ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up