အင်ဒိုနီးရှားမြေပြိုမှု သေဆုံးသူ ၁၃ ဦးထိ ရှိလာ

67
အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဂျာဗားပြည်နယ်မှာ မြေပြိုလို့ သေဆုံးသူ ၁၃ ယောက်ထိ မြင့်တက်သွားပြီး ၂၇ ယောက် ပျောက်ဆုံးနေဆဲလို့ ရှာဖွေကယ်ဆယ်ရေး ညှိနှိုင်းဆောင်ရွက်ရေးမှူးက ဇန်နဝါရီ ၁၁ ရက်မှာ ပြောပါတယ်။
ဇန်နဝါရီ ၉ရက်က မြေပြိုမှုတွေ ဆက်တိုက်ဖြစ်ခဲ့လို့ လူ ၁၂ ယောက် သေဆုံးပြီး ၁၈ယောက် ဒဏ်ရာရခဲ့တယ်လို့ အင်ဒိုနီးရှား ကပ်ဘေးစီမံရေး အမျိုးသားဘုတ်အဖွဲ့ BNPBက ကယ်ဆယ်ရေး အရာရှိတွေက ပြောပါတယ်။
မြို့တော် ဂျကာတာရဲ့ အနောက်တောင် ဘက် ၉၅ မိုင် အကွာက အနောက် ဂျာဗားပြည်နယ် စူမေဒန် စီရင်စုက စီဟန်ဂျူအန်ရွာမှာ စနေည ၇ နာရီခွဲက မြေပြိုခဲ့တယ်လို့ BNPB ပြောခွင့်ရက ကြေညာချက်ထုတ်ပြန်ပြောပါတယ်။
ပထမ မြေပြိုရာနေရာမှာ အရာရှိတွေက ရှင်သန်ကျန်ရစ်သူတွေကို ဘေးကင်းရာ ရွှေ့နေချိန်မှာ ဒုတိယအချီ မြေပြိုခဲ့တာလို့ သူက ဆက်ပြောပါတယ်။
မြေပြင်အခြေအနေနဲ့ တနေကုန် မိုးတွေ ဆက်ရွာနေပြီး မိုးကြိုးမုန်တိုင်းတွေ တိုက်ခတ် နေလို့ ကယ်ဆယ်ရေး လုပ်ငန်းတွေ နှောင့်နှေးမယ်လို့ ခန့်မှန်းနေကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ နိုဝင်ဘာလကနေ မတ်လထိ မိုးရာသီအတွင်း ရေကြီး မြေပြိုတာတွေ မကြာခဏ ဖြစ်နေကျပါ။ သစ်တောတွေကို ခုတ်ထွင်ခဲ့လို့လည်း ရာသီဥတု အခြေအနေတွေက မကြာမကြာ ပိုဆိုးလာခဲ့ပါတယ်။