A d v e r t i s e m e n t With Us

ကိုဗစ်ကပ်ရောဂါ အဆုံးသတ်စေရန် ရှင်တိုကျင့်စဉ်ပွဲကျင်းပ ဆုတောင်း

ကိုဗစ်-၁၉ ကပ်ရောဂါ အဆုံးသတ်ရေး ဆုတောင်းဖို့နဲ့ စိတ်ဝိညာဉ် သန့်စင်စေရေး ကျင့်စဉ် အနေနဲ့ ဂျပန်မြို့တော် တိုကျိုက တေပိုးဇုအိနာ့ရိ ဘုရားကျောင်းမှာ နိုင်ငံတဝန်းက လူတွေ ဇန်နဝါရီ ၁၀ ရက်က စုရုံးခဲ့ပြီး ရေခဲရေထဲ ခုန်ချ ရေချိုးခဲ့ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေး အမြန်ဆုံး အဆုံးသတ်ပါစေလို့ ဆုတောင်းခဲ့တယ်လို့ ဘုရားကျောင်းအသင်းတော် အဖွဲ့အကြီးအကဲ ယာ့ယိုးအိခါ့အိက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ နှစ်စဉ်ကျင်းပနေကျ ရှင်တိုကျင့်စဉ်ပွဲမှာ မနှစ်က လူအယောက် ၁၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်နေလို့ ဘုရားကျောင်းအသင်းတော် နယ်ပယ်ထဲက လူများစုဖြစ်တဲ့ လူ ၁၂ယောက်သာ ပါဝင်ခဲ့ပါတယ်။ လေထုအပူချိန် ၅ ဒသမ ၁ ဒီဂရီဆဲလ်စီးယပ်စ်သာရှိတဲ့ ဆောင်းရာသီမှာ ရိုးရာဝတ်စုံဝတ် အမျိုးသားတွေ အမျိုးသမီးတွေဟာ ရေခဲတုံးကြီးတွေ နဲ့ ရေအေးတွေ ဖြည့်ထားတဲ့ ကန်ထဲမှာ စိမ်နှစ်ပြီး ရေချိုးခဲ့ကြပါတယ်။ အရင်နှစ်တွေက လူများတော့ ရေပိုနွေးတယ် ဒီနှစ်က လူ ၁၂ ယောက် တည်းမို့ အေးလွန်းလို့ ရူးတော့မယ်လို့ ပါဝင်ကျင့်ကြံသူ ယာမငုချိက ပြော ပါတယ်။ ဘုရားကျောင်းဟာ ၆၆နှစ်မြောက် ကျင့်စဉ်ပွဲကို ကျင်းပတာပါ။ နှစ်စဉ် ဇန်နဝါရီလ ဒုတိယ တနင်္ဂနွေမှာ ဒီပွဲကို ကျင်းပလေ့ ရှိပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up