တရုတ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ရောက်
DVB
·
January 11, 2021
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ဇန်နဝါရီ ၁၁ ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာပါတယ်။
နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အထူး လေယာဉ်နဲ့ ရောက်ရှိလာတဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့ကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နဲ့ တာဝန်ရှိသူတွေက လေဆိပ်မှာ ကြိုဆိုနှုတ်ဆက်ခဲ့တယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။။
နိုင်ငံခြားရေးဝန်ကြီးဟာ နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိသလို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံဖို့ရှိနေပါတယ်။
တရုတ် နိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ်ဟာ ၂၀၂၀ ရွေးကောက်ပွဲအပြီး တရုတ်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး ခေါင်းဆောင်တစ်ဦးအဖြစ် ပထမဆုံးအကြိမ်လာရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။
ဓာတ်ပုံ- MOI