Home
မြန်မာသတင်း
အွန်လိုင်းမှ ရွှေအရောင်းအဝယ်လုပ်ရန် ရန်ကုန်ရွှေအသင်း စမ်းသပ်
ချမ်းမြေ့မောင်
·
January 11, 2021
ကိုဗစ်ကာလ လူစုလူဝေးမဖြစ်ဖို့ ရည်ရွယ်ပြီး ရန်ကုန်တိုင်းရွှေအသင်းရုံးမှာ အွန်လိုင်း zoom application ကနေတဆင့် ရွှေအရောင်းအဝယ်လုပ်ဖို့ စတင်စမ်းသပ်လုပ်ဆောင်နေတယ်လို့ အသင်းရုံး တာဝန်ရှိသူက ပြောပါတယ်။ အွန်လိုင်းစနစ်နဲ့ အရောင်းအဝယ်လုပ်ရာမှာ ဈေးပြိုင်ပေးပြီး အချိန်တိုအတွင်း အရောင်းအဝယ်ဖြစ်တဲ့အတွက် အင်တာနက်လိုင်းကောင်းကောင်းရှိဖို့  လိုတယ်လို့ ဆိုပါတယ်။ အဓိက  အွန်လိုင်းစနစ်ကို အကောင်အထည်ဖော်ရတာဟာ ရွှေအသင်းရုံးမှာ လူစုလူဝေး မဖြစ်ဖို့နဲ့ အခုစနစ်အကောင်အထည်ပေါ်သွားတဲ့အခါ  ဆိုင်သမားတွေအဖို့လည်း အသင်းရုံးကို လာစရာမလိုဘဲ မိမိတို့ဆိုင်ကပဲ zoom ကိုထိုင်ကြည့်ပြီး အရောင်းအဝယ်ပြုလုပ်နိုင်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ လက်ရှိအခြေအနေအရ ရန်ကုန်တိုင်းရွှေအသင်းရုံးမှာ နေ့စဉ်လူဦးရေ ၅၀ ဝန်းကျင်နဲ့ အရောင်းအဝယ်လုပ်ပြီး အွန်လိုင်းစနစ်နဲ့သွားရင် အသင်းရုံးမှာ ၅ ဦးလောက်နဲ့ zoom ဖွင့်ပြီး အရောင်းအဝယ်လုပ်ပေးမှာ ဖြစ်တယ်လို့  တာဝန်ရှိသူက ဆိုပါတယ်။  အွန်လိုင်းကနေ အရောင်းအဝယ်လုပ်ဖို့ ရောင်းတဲ့ ဝယ်တဲ့သူက အသင်းရုံးကို အာမခံ ငွေကြေးပေးသွင်းထားရမှာဖြစ်တယ်လို့ သိရပါတယ်။  . ပြည်တွင်းရွှေဈေးဟာ ကမ္ဘာ့ရွှေဈေးအတက်အကျ ပေါ်မူတည်ပြီး ပြောင်းလဲမှု ရှိရာ အခုဆိုရင် အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၁၃သိန်း ၂ သောင်းကျော် ရှိနေပြီး ကမ္ဘာ့ ရွှေဈေးမှာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၃၄၀ ကျပ် ဝန်းကျင်ရှိတယ်လို့ ရွှေဈေးကွက်ကနေ စုံစမ်းသိရပါတယ်။ လတ်တလောပြည်တွင်းရွှေဈေးကွက်အရ အခုရက်ပိုင်းမှာ ရောင်းသူရော ဝယ်သူပါ မျှတမှု ရှိတယ်လို့ ရွှေလုပ်ငန်းရှင်အသင်းရုံးက သိရပါတယ်။ ချမ်းမြေ့မောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024