ဗီလာနှင့်ပွဲအတွက်  ပြင်ဆင်လေ့ကျင့်နေဟု  စပါးနည်းပြ မော်ရင်ဟို ပြော

အက်စ်တန်ဗီလာနဲ့ပွဲအတွက် ပြင်ဆင်နေပြီး ဘယ်သူကမှ ပွဲရွှေ့ဆိုင်းမယ်လို့ အကြောင်း မကြားထားဘူးလို့ စပါးနည်းပြ မော်ရင်ဟိုက ပြောပါတယ်။  အက်စတန်ဗီလာစီနီယာအသင်းသားတချို့မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာကြောင့် လီဗာပူးနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်မှာ ဗီလာအသင်းက ယူ ၂၃ အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။  အသင်းကြီးက ကစားသမားတွေအားလုံး သီးသန့်နေထိုင်နေရပြီး  ဇန်နဝါရီ ၁၄ ရက်မှာ ကစားမယ့် စပါးနဲ့ ပွဲစဉ်က စီစဉ်ထားတဲ့အတိုင်း ကစားဖြစ်ဖို့ မသေမချာ ဖြစ်နေတာပါ။  စပါးနည်းပြ မော်ရင်ဟိုကတော့ ပွဲစဉ်ရွှေ့ဆိုင်းတာမျိုး ထပ်မလုပ်ဖို့ အင်္ဂလန်အက်ဖ်အေကို တိုက်တွန်းထားပြီး ဗီလာနဲ့ပွဲအတွက်လည်း ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ အက်စ်တန်ဗီလာနဲ့ပွဲကို ရွှေ့ဆိုင်းမယ်လို့လည်း ဘယ်သူကမှလည်း အကြောင်းကြားတာမျိုး မရှိတဲ့အတွက် အဲဒီပွဲစဉ်အတွက် စတင်ပြင်ဆင်လေ့ကျင့်တော့မယ်လို့ စပါးနည်းပြ မော်ရင်ဟိုက ပြောပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up