ဂျူဗင်တပ်စ်က ဆက်ဆူအိုလိုကို (၃-၁) ဂိုးဖြင်နိုင်၊ ရော်နယ်ဒို ဂိုးသွင်းစံချိန်သစ်တင် 

ဂျူဗင်တပ်စ်အသင်းအတွက် နောက်ကျဂိုး တစ်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ အားကစားသမိုင်းမှာ နောက်ထပ်ဂိုးသွင်းစံချိန် တစ်ခု ရယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။  ရော်နယ်ဒိုရဲ့ သွင်းဂိုးနဲ့အတူ ဂျူဗင်တပ်စ်အသင်းဟာ ဆက်ဆူအိုလိုကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင် ရရှိခဲ့တာဖြစ်ပြီး ဒီရလဒ်ကြောင့် ဇယားထိပ်က အေစီမီလန်အသင်းနဲ့ အမှတ်ကွာဟချက်ကိုလည်း လျော့ချနိုင်ခဲ့ပြီဖြစ်ပါတယ်။  ဒီပွဲမှာဂျူဗင်တပ်စ်ကစားသမားတွေဖြစ်တဲ့ မက်ကန်နီးနဲ့ ဒိုင်ဘာလားတို့ဟာ ဒဏ်ရာရရှိ သွားခဲ့ပေမဲ့ ဒန်နီလိုရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒတ်ရီက ဆက်ဆူအိုလိုအတွက် ချေပဂိုး တစ်ဂိုး ပြန်သွင်းပေးခဲ့ပေမဲ့ တစ်ယောက် ထုတ်ခံခဲ့ရတာကြောင့် ပွဲကို ဦးဆောင်နိုင်ခဲ့ခြင်း မရှိဘဲ ရမ်းဆေးရဲ့ ၈၂ မိနစ်သွင်းဂိုး၊ ရော်နယ်ဒိုရဲ့ အချိန်ပိုသွင်းဂိုးတွေကို ခွင့်ပြုပေးလိုက်ရတာပဲ ဖြစ်ပါတယ်။  ဒီဂိုးဟာ ရော်နယ်ဒိုရဲ့ ဒီရာသီ ၁၅ ဂိုးမြောက်သွင်းဂိုးလည်းဖြစ်ပါတယ်။ တနင်္ဂနွေနေ့ပွဲ ဂိုးကြောင့်ရော်နယ်ဒိုဟာ ထိပ်သီးလိဂ် ၅ ခုမှာ ၁၅ ရာသီဆက်တိုက် အနည်းဆုံး ၁၅ ဂိုးသွင်းနိုင်တဲ့တစ်ဦးတည်းသော ကစားသမားဆိုတဲ့ စံချိန်ကို ရရှိခဲ့ပြီလည်း ဖြစ်ပါတယ်။  သူဟာ ၂၀၀၆-၀၇ ရာသီကစလို့ တစ်ရာသီအနည်းဆုံး ၁၅ ဂိုးသွင်းယူနိုင်ခဲ့ တာဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ဂျူဗင်တပ်စ်အသင်းဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာ မှာရှိ နေပြီး ထိပ်ဆုံးက အေစီမီလန်အသင်းထက် တစ်ပွဲလျော့ကစားကာ ၇ မှတ်ကွာနေပါတယ်။  ဂျူဗင်တပ်စ်အသင်းဟာ ဒုတိယနေရာက အင်တာမီလန်နဲ့ ၄ မှတ်၊ တတိယနေရာက ရိုးမားနဲ့ ၁ မှတ်ကွာနေပြီး ဒီ ၂ သင်းလုံးထက် ၁ ပွဲလျော့ကစားထားပါတယ်။  ပုံမှန်ခြေစွမ်း ပြန်လည်ရရှိလာမှုနဲ့အတူ ဂျူဗင်တပ်စ်အသင်းဟာ ဇယားထိပ်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး စတူဂတ်တူအမှတ်ပေးဖလားကို ဆက်လက်ထိန်းသိမ်းမယ့် ပီယာလို ရဲ့ အစီစဉ်ဟာလည်း တစ်စတစ်စ အကောင်အထည်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။  ဂျူဗင်တပ်စ်ဟာ ကိုပါအီတလီယာပွဲစဉ်အဖြစ် ဗုဒ္ဓဟူးနေ့မှာ ဂျီနိုအာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး တနင်္ဂနွေနေ့မှာ အင်တာမီလန်နဲ့ကစားရဖို့ ရှိနေပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up