
Lead Story နိုင်ငံတကာ နိုင်ငံရေး လွှတ်တော်ရေးရာ သတင်း
အာဏာရပါတီ၏စည်းမျဉ်းများ ပြန်သုံးသပ်ဟု မြောက်ကိုရီးယားပြော
Email This Story :
မြောက်ကိုရီးယား လက်ရှိ အာဏာရလုပ်သားပါတီရဲ့ ၈ ကြိမ်မြောက် ကွန်ဂရက်မှာ ပါတီ စည်းမျဉ်းတွေကို သုံးသပ်ခဲ့တယ်လို့ အစိုးရမီဒီယာ KRT က ဇန်နဝါရီ ၁၀ ရက်မှာ ထုတ်လွှင့်ပါတယ်။
ပါတီကွန်ဂရက်စ်ကို ငါးနှစ်တကြိမ် ကျင်းပဖို့ ဆုံးဖြတ်ရေးကိုလည်း ပြန်သုံးသပ်ခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်ရဲ့ စီးပွားရေး ဒဏ်ခတ်မှု သက်သာရေးအတွက် မြောက်ကိုရီးယား နျူကလီးယား နဲ့ ဒုံးကျည် အစီအစဉ်တွေကို ဖြုတ်သိမ်းရေး ရည်မှန်းထားတဲ့ ဆွေးနွေးပွဲတွေ ကာလကြာရှည် သောင်မတင် ရေမကျ ဖြစ်နေချိန်မှာ ကွန်ဂရက်စ်ကို ကျင်းပနေတာပါ။
၂၀၁၆ မှာ နောက်ဆုံး ကျင်းပခဲ့ပြီးတဲ့နောက် ပါတီရဲ့ လုပ်ငန်းစဉ်တွေကို ပြန်လှန်သုံးသပ်ဖို့နဲ့ စီမံချက် အသေးစိတ်တွေကို အနှစ်ချုပ်ဖို့ ကွန်ဂရက်စ်က ရည်မှန်းထားပါတယ်။