Home
မြန်မာသတင်း
ဟားခါးတွင် နေအိမ် ၃ လုံး မီးလောင်၊ ၁ ဦး သေဆုံး
DVB
·
January 10, 2021

ချင်းပြည်နယ် ဟားခါးမြို့နယ် မြို့သစ်ရပ်ကွက်မှာ မနေ့ည ၁၁ နာရီ မိနစ် ၄၀ လောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ်‌ ၃ လုံး ပျက်စီးဆုံးရှုံးကာ အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ မြို့နယ် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“အပူပေးတဲ့ ဟီတာစက်က တစ်ဆင့် မီးလောင်ကျွမ်းခဲ့တာပါ။ လက်တလောတော့ သေဆုံးသူကို ပုဒ်မ နှစ်ခုနဲ့ အမှုဖွင့်ထားတယ်။ သူက အိမ်ငှားနေသူပါ။”

ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်   ၅၀ နီးပါးက အုပ်ချုပ်မှုယာဥ်၊ မီးငြှိမ်းသတ်ယာဥ်၊ မီးသတ်ရေသယ်ယာဥ် သူနာတင်ယာဥ် စုစုပေါင်း ၈ စီးနဲ့ သွားရောက် မီးငြှိမ်းသတ်ခဲ့ကာ အခင်းဖြစ်ပြီး တစ်နာရီနီးပါးအကြာမှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မီးလောင်သေဆုံးသွားသူကတော့ အိမ်ငှားနေထိုင်တဲ့ ဦးသန်းဝင်း (၃၆ နှစ်) ဖြစ်တယ်လို့ သိရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်လို့ သေဆုံးသူကို ဟာခါးမြို့မရဲစခန်းမှာ မီးပေါ့ဆမှု၊ လူသေဆုံးမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅/၃၀၄-က တို့နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ အဆိုပါရဲစခန်းက သိရပါတယ်။

ရဲထွဋ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024