နည်းပြရာထူးမှ အချိန်မရွေးထုတ်ပယ်ခံရနိုင်ဟု လမ်းပတ် ဝန်ခံ

ကစားသမားဘဝမှာ အသင်းရဲ့ဂန္တဝင်ဖြစ်ခဲ့ခြင်းက နည်းပြဘဝမှာ အခွင့်အရေးရမယ်လို့ မထင်ကြောင်း ချဲလ်ဆီးနည်းပြ လမ်းပတ်က ပြောပါတယ်။ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ ရလဒ်တွေ ဆိုးရွားနေပြီး ၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။  ဒါ့ကြောင့် ချဲလ်ဆီးအသင်းမှာ ရာသီဝက်ကာလအတွင်း မန်နေဂျာအပြောင်းအလဲ ရှိလာနိုင်တယ်ဆိုတဲ့စကားသံတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။  လမ်းပတ်ဟာ ချဲလ်ဆီးနည်းပြဖြစ်လာချိန်ကတည်းက သူဟာ အသင်းရဲ့ သမိုင်းတလျောက် အကောင်းဆုံးတွေထဲက တစ်ဦးဆိုတဲ့ ဂုဏ်သိက္ခာကို စွန့်စားပြီး ဒီအလုပ်ကို လက်ခံခဲ့တာလို့ ဝန်ခံပါတယ်။  ဒါ့အပြင်ကစားသမားဘဝ ၁၃ နှစ်တာ ကာလအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေ ကြောင့် အသင်းပိုင်ရှင် အီဗရာမိုဗစ်ဟာ သူ့ကိုအချိန်မရွေး ရာထူးကနေ ထုတ်ပယ် နိုင်တယ်ဆိုတာကို သိထားတယ်လို့လည်း ပြောပါတယ်။  “ကျနော်အာရုံစိုက်ထားတဲ့ တစ်ခုတည်းသော အရာက လက်ရှိလုပ်နေတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ တခြားအရာတွေကို ထိန်းချုပ်လို့မရသလို အရင်က အတိတ်ပေါ်မှာလည်း မှီခိုပြီး မနေချင်ပါဘူး။ ကျနော်ရဲ့ နည်းပြဘဝအစပိုင်းမှာရော ၁၃ နှစ်ကြာကစားသမားဘဝမှာပါ ဒီအသင်းကနေ ကြီးမားတဲ့ ထောက်ခံမှုတွေ ရခဲ့ပါတယ်။ ဘောလုံးလောက ဘာလဲဆိုတာနဲ့ တောင်းဆိုမှုတွေ၊ မျှော်လင့်ချက်တွေဆိုတာ ဘယ်လိုလဲ နားလည‌ေပါတယ်။ ဒါ့ကြောင့် ကျနော့်မှာ ထူးရှယ်အခွင့်အရေးရှိနေတယ်လို့ မထင်ပါဘူး။” လမ်းပတ်ဟာ အသင်းပိုင်ရှင်ဆီကနေ ချီးကျူးမှုတွေ ရရှိထားပေမဲ့ သူ့ထက်ပိုပြီး သင့်တော်တဲ့လူတွေ့ရင် သူ့ကို ရာထူးကနေ ထုတ်ပယ်နိုင်တယ်ဆိုတာကိုလည်း ထပ်ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up