လူ ၆၀ ကျော် လိုက်ပါလာသည့် အင်ဒိုနီးရှားခရီးသည်တင်လေယာဉ် ပျောက်ဆုံး

162
ခန့်မှန်း လူ ၆၂ ယောက် လိုက်ပါသွားတဲ့ အင်ဒိုနီးရှားခရီးသည်တင် လေယာဉ်တစ်စင်းဟာ ဇန်နဝါရီ ၉ ရက်က ဂျာကာတာလေဆိပ်ကနေ ပျံတက်ပြီး မကြာခင် ပျောက်ဆုံးသွားခဲ့ပါတယ်။
ဆရီဝီဂျာယာ လေကြောင်းလိုင်းပိုင် ဘိုရင်း ၇၃၇ လေယာဉ်ဟာ အနောက်ကာလီမန်တန်ပြည်နယ် ပွန်တီယာနာမြို့ကို ပျံသန်းတာလို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။
Flightradar24.com ဝက်ဘ်ဆိုက် လေကြောင်းလိုင်းခြေရာခံစနစ်အရ လေယာဉ်ဟာ ၁ မိနစ်အတွင်း အမြင့်ပေ တစ်သောင်းကနေ ကွယ်ပျောက်သွားလို့ ဆိုပါတယ်။
မျက်မြင်တွေကတော့ သူတို့ဟာ ပေါက်ကွဲမှု တစ်ခုထက်မနည်း မြင်ကြားခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
တံငါသည်တစ်ဦးကလည်း လေယာဉ်ပျက်ကျတာကို ကိုယ်တွေ့မြင်ခဲ့ပြိး သူရဲ့ လှေဦးစီးက ကမ်းကို ပြန်သွားခဲ့တယ်လို့ ပြောပါတယ်။
"လေယာဉ်ဟာ လျှပ်စီးလက်သလို ပင်လယ်ထဲ ထိုးဆင်းပြီး ရေထဲမှာ ပေါက်ကွဲခဲ့တယ်"လို့ ပြောပါတယ်။
လေယာဉ် ပျောက်ဆုံးခဲ့တဲ့ အနီးအနားက ကျွန်းပေါ်မှာ နေထိုင်ကြသူတွေကလည်း ပျက်ကျလေယာဉ်က ယူဆရတဲ့ အရာဝတ္တုတွေကို တွေ့ခဲ့ရတယ်လို့ ပြောကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။