DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Lead Story နိုင်ငံတကာ နိုင်ငံရေး လွှတ်တော်ရေးရာ သတင်း

ကျန်ရှိလွှတ်တော်သက်တမ်း နောက်ဆုံးအစည်းအဝေးခေါ်ပေးရန် ပြည်ခိုင်ဖြိုးပါတီက သမ္မတထံ စာပို့

photo-Nandar Hla Myint
  • By ပိုင်စိုး
  • 9 January 2021
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဖြစ်ပွားခဲ့တာတွေနဲ့ ပတ်သက်လို့ လွှတ်တော်မှာ ဆွေးနွေးနိုင်ဖို့အတွက် ကျန်နေသေးတဲ့ လွှတ်တော်သက်တမ်းမှာ နောက်ဆုံးအစည်းအဝေးခေါ်ပေးဖို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက သမ္မတဆီ အိတ်ဖွင့်ပေးစာ ပို့လိုက်ပါတယ်။

ပါတီရဲ့ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးက ဥက္ကဋ္ဌကိုယ်စား စာပေးပို့တောင်းဆိုတာ ဖြစ်ပြီး မနေ့က သမ္မတရုံးကို ပို့လိုက်ပြီလို့ ပါတီဗဟိုကော်မတီဝင် ဦးသောင်းအေးက ပြောပါတယ်။

“မဏ္ဍိုင် ၃ ရပ်ရှိတာမှာ ၂ ပိုင်းက လုပ်ထားပြီးပြီလေ။ ခု ဥပဒေပြုရေးဖြစ်တဲ့ လွှတ်တော်လမ်းကြောင်းက လုပ်ဖို့ လိုနေပြီ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တရားမဲ့ ပြုကျင့်ခဲ့မှုတွေကို လွှတ်တော်မှာ ရှင်းပြဖို့ လိုနေပြီ” လို့ ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြီးစီးခဲ့ပေမယ့် အဲဒီရွေးကောက်ပွဲမှာ ဖြစ်ခဲ့တဲ့ မဲမသမာမှုတွေ၊  မဲဆန္ဒရှင်လူဦးရေစာရင်း အလွန်အမင်း ကွာဟနေတာတွေဟာ သက်သေ အထောက်အထားတွေနဲ့ နိုင်ငံအနှံ့မှာ ပေါ်ပေါက်နေတယ်လို့ ပါတီက ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

ဒါတွေကို ပါတီအနေနဲ့ သတင်းစာ ရှင်းလင်းပွဲတွေ အကြိမ်ကြိမ်လုပ်ပြီး နိုင်ငံတကာ သံတမန်တွေ၊ သတင်းမီဒီယာတွေနဲ့ ပြည်သူအများရှေ့မှာ သက်သေအထောက်အထားတွေနဲ့တကွ ရှင်းလင်း ပြောကြားနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲရဲ့ တာဝန်အရှိဆုံးဖြစ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကတော့ အခုအချိန်ထိ နိုင်ငံရေးပါတီတွေနဲ့ မဲဆန္ဒရှင်ပြည်သူတွေကို တာဝန်ယူမှု တာဝန်ခံမှုနဲ့ ပွင့်ပွင့်လင်းလင်း ရှင်းလင်းတာမရှိသေးဘူးလို့ ဆိုပါတယ်။

ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ၊ တခြားမှုခင်းတွေ မရှိစေဖို့ နိုင်ငံရေးပါတီတွေက ပူးတွဲ သဘောထားထုတ်ပြန်တာ၊ သမ္မတဆီ စာပို့တာတွေ လုပ်ခဲ့ပေမယ့် ဒါတွေကို အရေးယူ ဆောင်ရွက်ပေးတာ မရှိခဲ့ဘူးလို့လည်း ဖော်ပြထားပါတယ်။

ဦးသောင်းအေးက “ကျနော်တို့ တွေ့ထားတဲ့ ၁၈ နှစ်မပြည့်ဘဲ မဲစာရင်းမှာ ပါတာ၊ တယောက်တည်း အကြိမ်ကြိမ်ပါနေတာ ဒါတွေကို လာရှင်းစေချင်တာ။ လွှတ်တော်ထဲမှာ ဆွေးနွေးချင်တဲ့အတွက် အခြေခံဥပဒေအတိုင်း အခုလို တောင်းဆိုတာပါ” လို့ ပြောပါတယ်။

ဒီလို အခြေအနေတွေကို မဲဆန္ဒရှင်ပြည်သူတွေဆီ တရားဝင် ဖြေရှင်းအသိမပေးနိုင်ခင်မှာ လွှတ်တော်ဥက္ကဋ္ဌတွေက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို စတင်ကျင်းပဖို့ အသိပေးကြေညာခဲ့တာဟာ နိုင်ငံရေးပါတီတွေအပေါ် အပြန်အလှန် လေးစားမှုမရှိသလို နိုင်ငံတော်အာဏာကိုလည်း မရိုးဖြောင့်တဲ့နည်းနဲ့ ရယူဖို့ ဆောင်ရွက်တာ လို့လည်း ပါတီက ပေးပို့တဲ့ စာမှာ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်တွေကြောင့် အပြန်အလှန်ထိန်းကျောင်းရမယ့်တာဝန်ကို ပြည်ထောင်စုလွှတ်တော်က ဆောင်ရွက်နိုင်စေဖို့၊ လက်ရှိ လွှတ်တော်သက်တမ်းကို မှန်မှန်ကန်ကန် အဆုံးသတ်ပိတ်သိမ်းပြီး လွှတ်တော်သက်တမ်းအသစ်တခုကို ဥပဒေနဲ့အညီ ညင်ညင်သာသာ ချောချောမွေ့မွေ့ ကူးပြောင်းနိုင်ဖို့၊ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ စုပေါင်းတိုင်ပင်အဖြေဆုံးဖြတ်ကြဖို့၊ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကို ပွင့်လင်းမြင်သာစွာ ဖြေရှင်းနိုင်ရေးအတွက် သက်တမ်းကျန်နေသေးတဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နောက်ဆုံး အစည်းအဝေးကို ခေါ်ယူပေးဖို့ သမ္မတကို တောင်းဆိုထားပါတယ်။

Tags: ကျန်ရှိလွှတ်တော်သက်တမ်ပြည်ခိုင်ဖြိုးပါတီသမ္မတထံ စာပို့အစည်းအဝေးခေါ်

  • Previous story ဂျာမန်ဘွန်ဒတ်စ်လီဂါ အမှတ်ပေးဇယားထိပ်က ဘိုင်ယန်မြူးနစ် ရှုံးပွဲတွေ့
  • Next story ရေးမြို့နယ်တွင် ၂၀၂၀ အတွင်း အဓမ္မပြုကျင့်ခံရမှု ၁၉ မှုဖြစ်ပွားခဲ့
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      ပုဏ္ဏားကျွန်းမြို့ စက်မှုဇုန်ကွင်း စစ်ဘေးရှောင်စခန်း အကူအညီလိုအပ်နေ (ဓာတ်ပုံ)

    • gallery

      ကမာအောင်စက်တပ်သမ္ဗာန်အဖွဲ့၏ စုကြေးငွေရှင်းတမ်း အမြန်ဖြေရှင်းပေးရန် ဆန္ဒပြ (ဓာတ်ပုံ)

    • gallery

      နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါ သတိပေးအရုပ် စိုက်ထူ

    • gallery

      အိန္ဒိယက လက်ဆောင်ပေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ မြန်မာပြည်ရောက်ရှိ (ဓာတ်ပုံ) 

    • gallery

      ပန်းချီသိုးထိန်းရဲ့ Disillusionment တကိုယ်တော်ပန်းချီပြပွဲ (ဓာတ်ပုံ) 

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 မကွေးမြို့နယ်တွင် တရားမဝင် ဝက်ပေါ်နေမှုကို ဖမ်းဆီးရာက ရုန်းရင်းဆန်ခတ်ဖြစ်
    • 02 နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်စေရေး နည်းလမ်းရှာဖြေရှင်းပေးရန် တပ်မတော် တောင်းဆို 
    • 03 ရေးမြစ်ထဲသို့ ကား ၁ စီး ထိုးကျပြီး အမျိုးသား ၂ ဦး ရေနစ်သေဆုံး
    • 04 တပ်မတော်ထောက်ခံပွဲ ဒေသခံတိုင်းရင်းသားများ၏ သဘောဆန္ဒမပါဟု ရှင်းလင်း
    • 05 မြန်မာနိုင်ငံ၏ ပထမဆုံးရှမ်းအမျိုးသမီးလေယာဉ်မှူး နန်းရွှန်းအိနှင့် မေးမြန်းချက်
    • 01 အင်ဒိုနီးရှားရှိ စေမေရူမီးတောင် ပေါက်ကွဲမှုကြောင့် မီးခိုးတိမ်တိုက်များလွင့်
    • 02 ကိုဗစ်-၁၉ လူနာသစ် ၅၀၇ ဦး၊ သေဆုံးသူ ၁၄ ဦးထပ်တိုး  
    • 03 ရခိုင်နှင့်ဧရာဝတီကို ချိတ်ဆက်မည့် ၉၇ မိုင်ဝန်းကျင် မြေသားလမ်း စတင်
    • 04 ဝါရှင်တန်ဒီစီမြို့ကို အသွားအလာ ပိတ်ဆို့ကန့်သတ်
    • 05 မြန်မာနိုင်ငံတွင် ကူးစက်မြန်ဗီဇပြောင်းဗိုင်းရပ်စ်မျိုး ထွက်လာနိုင်ဟု ဝန်ကြီးပြော
    • 01 ကိုဗစ်-၁၉ လူနာသစ် ၅၀၇ ဦး၊ သေဆုံးသူ ၁၄ ဦးထပ်တိုး  
    • 02 တ၀မ်းတခါးအတွက် နေလောင်ဒဏ်ကို အန်တုသူများ
    • 03 ကျောက်ဆည်မြို့မရဲစခန်းတွင် အချုပ်တရားခံ ၁၄ ဦးနှင့် ရဲဝန်ထမ်း ၁ ဦး ကိုဗစ်ပိုးတွေ့
    • 04 ရုရှားအရှေ့ဖျားနှင့်ဆိုက်ဘေးရီးယားတွင် နာဗင်ညီလွှတ်ပေးရန်နှင့်ပူတင်နုတ်ထွက်ရန် ဆန္ဒပြ
    • 05 အမေရိကန်လွှတ်တော်လုံခြုံရေးအစောင့်တပ်ဖွဲ့ကို သမ္မတကတော် ကွတ်ကီးလက်ဆောင်ပေး
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.