Homeမြန်မာသတင်းမြောင်းမြမြို့တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၅ ဦးထိ ရှိလာ
ဧရာဝတီတိုင်း မြောင်းမြမြို့မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၅ ဦးထိရှိလာပြီလို့ သိရပါတယ်။
အခုနောက်ဆုံး ဇန်နဝါရီလ ၈ ရက်နေ့ မနက် ၄ နာရီ ၃၀ အချိန်မှာ သေးဆုံးသွားသူကတော့ ပုသိပ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ လိပ်ကမ္ဘာကျေးရွာနေ အသက် ၅၈ နှစ်အရွယ်အမျိုးသား လေဖြတ်ဝေဒနာခံစားနေတစ်ဦးဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက်နေ့က မြောင်းမြခရိုင်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေစဉ် ဓာတ်ခွဲနမူနာရယူစစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ မြောင်းမြခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာနှစ်ဆန်းဦးက အတည်ပြုပြောကြားပါတယ်။
သေဆုံးခဲ့တဲ့ အတည်ပြုလူနာနဲ့ ထိစပ်ခဲ့သူတွေကိုလည်း သီးခြားထားပြီး ဓာတ်ခွဲနမူနာတွေ ရယူ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
"မြောင်းမြမှာ ဒေသတွင်းကူးစက်မှု့တွေကြောင့် သေဆုံးသူ ၅ ဦးထိရှိလာပြီ။ ပိုပြီးဂရုစိုက်ကြပါ။ ဒါ့ကြောင့် လူစုလူဝေးရှောင်ကြပါ။ ကျန်းမာရေးနဲ့ အားကစား ၀န်ကြီးဌာနက ထုတ်ပြန်ချက်တွေကို စနစ်တကျလိုက်နာကြပါ။"
မြောင်းမြခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ပိုးတွေ့လူနာစုစုပေါင်း ၂၀၇ ဦး၊ သေဆုံးသူ ၅ ဦးနဲ့ လက်ရှိမှာ လူနာ ၁၆ ဦးကို ကုသနေပြီး ကျန်လူနာတွေကတော့ ရောဂါကောင်းမွန်လို့ ဆေးရုံ ဆင်းသွားပြီဖြစ်ပါတယ်။
ကိုကိုကြည်