A d v e r t i s e m e n t With Us

ပွဲစဉ်ရွှေ့ဆိုင်းမှုများ ထပ်မလုပ်ရန် စပါးနည်းပြ မော်ရင်ဟို တောင်းဆို

ပွဲစဉ်ဇယားရွှေ့ဆိုင်းတာတွေ နောက်ထပ်မလုပ်ဖို့ စပါးနည်းပြ မော်ရင်ဟိုက တောင်းဆို လိုက်ပါတယ်။  စပါးအသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က ဖူဟမ်နဲ့ ပွဲစဉ်ကို ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေ ကြောင့် ပွဲ ရွှေ့ဆိုင်းခဲ့ရတာပါ။  ဇန်နဝါရီ ၁၄ ရက်မှာ စပါးအသင်းက ဗီလာအသင်းအိမ်ကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်ပါတယ်။  ဗီလာအသင်းမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူတွေရှိခဲ့တာကြောင့် သီးသန့် နေထိုင်နေရလို့ လီဗာပူးနဲ့ ပွဲမှာ ယူ ၂၃ အသင်းနဲ့သာ ကစားခဲ့ရတာပါ။  ဒီအခြေအနေကြောင့် စပါးနဲ့ပွဲကို ရွှေ့ဆိုင်းရနိုင်တာကြောင့်  ပွဲစဉ်ဇယားကို ထပ်ရွှေ့လို့ မရနိုင်တော့ကြောင်း မော်ရင်ဟိုက တိုက်တွန်းခဲ့တာပါ။  ရာသီကုန်ဆုံးချိန်မှာ ယူရိုပြိုင်ပွဲရှိနေတာကြောင့် ပွဲစဉ်ဇယားအတိုင်း ဆက်လက်ကျင်းပဖို့ လိုအပ်တယ်လို့ မော်ရင်ဟိုက သုံးသပ်ခဲ့ပါတယ်။  အက်ဖ်အေဖလားပွဲစဉ် ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်အသင်းက နည်းပြ သောမက်စ်ဖရန့်က ကိုဗစ်ပိုး တွေ့ရှိခဲ့ပေမဲ့ စပါးအသင်း ကစားသမားတွေကို စစ်ဆေးရာမှာတော့ ပိုးတွေ့ရှိခြင်း မရှိခဲ့ လို့ သက်သာရာရခဲ့ပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up