DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Lead Story မှုခင်း သတင်း

ပုသိမ်က သာသနာ့ဓမ္မဂုဏ်ရည်ဘုန်ကြီးကျောင်း ချိပ်ပိတ်ခံရ၊ သံဃာများ သီတင်းသုံးခွင့်တောင်းဆို

  • By DVB
  • 9 January 2021
  • Print
  • Email
    • Tweet

Email This Story :

  • Send Story
  • 01
  • 04
  • 07
  • 09
  • 23
  • 33
  • 37
  • 44
  • 48
  • 52
  • 54
  • 58
  • 59
  • 63
  • 64
  • 01
  • 04
  • 07
  • 09
  • 23
  • 33
  • 37
  • 44
  • 48
  • 52
  • 54
  • 58
  • 59
  • 63
  • 64

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၄ ရပ်ကွက်က သာသနာ့ဓမ္မဂုဏ်ရည် ဘုန်ကြီးကျောင်းကို ဇန်နဝါရီ ၈ ရက်နေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူတွေ လာရောက်ပြီး ချိပ်ပိတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်မြို့မှာ ဒီဇင်ဘာလ ၂၄ ရက်နေ့က ဖမ်းမိတဲ့ ရခိုင်ပြည်နယ်က အထောက်အထားမဲ့ ဝင်ရောက်လာသူတွေကို လိုက်ပို့တဲ့ ဘုန်းကြီးကားပိုင်တဲ့ ဆရာတော် ဥူးက္ကန္ဒယ သီတင်းသုံးတဲ့ကျောင်း ဖြစ်လို့ ခုလိုချိပ်ပိတ်ခံရတာလို့ ဆိုပါတယ်။

အမှုဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ ကျောင်းထိုင်ဆရာတော်ကို အရေးယူမှာ လက်ခံပေမယ့် ကျောင်းမှာ သီတင်းသုံးနေတဲ့ သံဃာတော်တွေနဲ့ မယ်သီလရှင်တွေအတွက် ကျောင်းကို ချိပ်ပိတ်တာမျိုး မလုပ်စေချင်ဘူးလို့ ကျောင်းအကျိုးတော်ဆောင် ဦးဝဏ္ဏက DVB ကို ပြောပါတယ်။

“လောလောဆယ်ချိပ်ပိတ်မယ်၊ အခြေအနေ ငြိမ်သွားရင် ပြန်ဖွင့်ပေးမယ်လို့ ဆရာတော်ကြီးတွေက မိန့်ပါတယ်။ ဖြစ်တာက ဆရာတော်က အပြင်မှာဖြစ်တာပါ၊ ဒီက ကိုယ်တော်တွေနဲ့လည်း မဆိုင်ပါဘူး။ ခုလို ချိပ်ပိတ်တော့ ကိုယ်တော်တွေလည်း ဒုက္ခရောက်ရပါတယ်၊ ဖြစ်နိုင်ရင် မပိတ်စေချင်ပါဘူး” လို့ ပြောပါတယ်။

ချိပ်ပိတ်ခံရတဲ့ ကျောင်းမှာ သီတင်းသုံးနေတဲ့ သံဃာတော်တွေနဲ့ သီလရှင် ဆရာလေးတွေကတော့ တခြားကျောင်းတွေက သီတင်းသုံးဖို့အတွက် လက်မခံတာကြောင့် ကျောင်းရှေ့ မျက်နှာစာ လမ်းဘေးမှာ သီတင်းသုံးနေကြရတယ်လို့ ဆိုပါတယ်။

အမှုအခင်းနဲ့ပတ်သက်တဲ့ ကျောင်းက သံဃာတော်တွေဖြစ်တာနဲ့ ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့ အချိန်ဖြစ်တယ်ဆိုပြီး အကြောင်းပြကာ တခြားကျောင်းမှာ သီတင်းသုံးဖို့ လက်မခံဘူးလို့ ချိပ်ပိတ်ခံရတဲ့ ဘုန်းကြီးကျောင်းက ဥူးစိတ္တရက DVB ကိုမိန့်ပါတယ်။

“အခြားကျောင်းတွေကလည်း ကိုဗစ်ကာလမလို့ လက်မခံဘူး၊ ဦးဇင်းတို့ကလည်း မိခင်ကျောင်းဖြစ်တဲ့ ဒီကျောင်းမှာပဲ သီတင်းသုံးချင်ပါတယ်။ ခုက ကျောင်းကလည်း နှင်ချလိုက်ပြီဆိုတော့ သီတင်းသုံးဖို့နဲ့ ဆွမ်းစားဖို့ အခက်အခဲရှိလာတယ်။”

ကျောင်းထိုင်ဆရာတော် အပြစ်လုပ်ရင် ဆရာတော်ကို ရှင်းခိုင်းစေချင်ပြီး မဖြစ်မနေ ကျောင်းကို ချိပ်ပိတ်မယ်ဆိုရင်လည်း သူ နေခဲ့တဲ့ကျောင်းဆောင်ကို ပိတ်စေချင်ကြောင်း၊ သံဃာတော်တွေနဲ့ သီလရှင်တွေ နေမယ်နေရာတော့ ဖွင့်ထားပေးဖို့ တောင်းဆိုချင်တယ်လို့ ဆိုပါတယ်။

ကျောင်းရှေ့လမ်းဘေးမှာ သီတင်းသုံးနေတဲ့ သံဃာတွေကို ရပ်ကွက်တာဝန်ရှိသူက လာရောက်ပြီး အဆင်ပြေမယ့်နေရာ ရွှေ့ပြောင်းဖို့ လာရောက်ပြောချိန်မှာ လူစုလူဝေးပုံစံ ဖြစ်ပေါ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့မှူးနဲ့ တာဝန်ရှိသူတွေ ရောက်လာကာ ကျောင်းတံခါးပိတ် ချိတ်ပိတ်ခဲ့ပါတယ်။

တိုင်းသံဃာနာယကအဖွဲ့အကျိုးတော်ဆောင် ဆရာတော် ဥူးဝိဇယက “ခုလို ဆောင်ရွက်တာဟာ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်မှာစိုးလို့ ရပ်ကျေး၊ မြို့နယ်၊ တိုင်း သံဃာ့နာယက ဆရာတော်တွေ တိုင်ပင်ပြီးတော့ ထိန်းသိမ်းပေးတာသာဖြစ်ပြီး ဘယ်သူ့ကိုမှ သာစေ၊ နာစေ၊ နစ်နာစေဆိုတဲ့ စိတ်သဘောမျိုးနဲ့ ဆောင်ရွက်တာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

ညနေပိုင်းမှာတော့ လမ်းဘေးမှာ သီတင်းသုံးနေတဲ့ သံဃာတော်တွေကို ကျောင်းအကျိုးတော်ဆောင်က လာရောက်ပြီး ရပ်ကွက်ထဲမှာ ဘုန်းကြီးကျောင်း ၈ ကျောင်းထဲက အဆင်ပြေမယ့် ကျောင်းမှာ သီတင်းသုံးလို့ရအောင် တာဝန်ရှိသူတွေက စီစဉ်ပေးမယ်လို့ လာရောက် ပြောဆိုခဲ့ပါတယ်။

စုပေါင်းအလှူငွေနဲ့ တည်ဆောက်ခဲ့တဲ့ ကျောင်းဖြစ်တာမလို့ ပြစ်မှုကျူးလွန်တဲ့ ဆရာတော်ကိုသာ အရေးယူတာမျိုးတွေ ပြုလုပ်စေချင်ပြီး ကျောင်းကိုတော့ ချိပ်ပိတ်တာ မလုပ်စေချင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်က ဝင်ရောက်လာတဲ့ အထောက်အထားမဲ့တွေကို လိုက်ပို့ရာမှာ ပါဝင်ခဲ့တဲ့ ကျောင်းထိုင်ဆရာတော်က ထွက်ပြေးတိမ်းရှောင်နေပြီး  ပြည်မြို့မရဲစခန်းမှာ လူကုန်ကူးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။

သတင်း – မင်းထက်မုန်း(ပုသိမ်)

Tags: ချိပ်ပိတ်ပုသိမ်သာသနာ့ဓမ္မဂုဏ်ရည်ဘုန်ကြီးကျောင်း

  • Previous story ကိုဗစ်စည်းကမ်း လိုက်နာပြီး ဘောလုံးပွဲများ ဆက်ကစားရန်လိုကြောင်း နည်းပြဆိုးလ်ရှား ပြော
  • Next story ပဲခူးမြို့တွင် ၇ နှစ်အရွယ်ကျောင်းသူအား ဦးလေးတော်စပ်သူက အဓမ္မပြုကျင့်မှု ဖြစ်ပွား
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      ပုဏ္ဏားကျွန်းမြို့ စက်မှုဇုန်ကွင်း စစ်ဘေးရှောင်စခန်း အကူအညီလိုအပ်နေ (ဓာတ်ပုံ)

    • gallery

      ကမာအောင်စက်တပ်သမ္ဗာန်အဖွဲ့၏ စုကြေးငွေရှင်းတမ်း အမြန်ဖြေရှင်းပေးရန် ဆန္ဒပြ (ဓာတ်ပုံ)

    • gallery

      နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါ သတိပေးအရုပ် စိုက်ထူ

    • gallery

      အိန္ဒိယက လက်ဆောင်ပေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ မြန်မာပြည်ရောက်ရှိ (ဓာတ်ပုံ) 

    • gallery

      ပန်းချီသိုးထိန်းရဲ့ Disillusionment တကိုယ်တော်ပန်းချီပြပွဲ (ဓာတ်ပုံ) 

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 မကွေးမြို့နယ်တွင် တရားမဝင် ဝက်ပေါ်နေမှုကို ဖမ်းဆီးရာက ရုန်းရင်းဆန်ခတ်ဖြစ်
    • 02 နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်စေရေး နည်းလမ်းရှာဖြေရှင်းပေးရန် တပ်မတော် တောင်းဆို 
    • 03 ဖိုင်ဇာ ကိုဗစ်ကာကွယ်ဆေး အသုံးပြုမှု ဆိုင်းငံ့ရန် တရုတ်ကျန်းမာရေးပညာရှင်များ တိုက်တွန်း
    • 04 ရေးမြစ်ထဲသို့ ကား ၁ စီး ထိုးကျပြီး အမျိုးသား ၂ ဦး ရေနစ်သေဆုံး
    • 05 တပ်မတော်ထောက်ခံပွဲ ဒေသခံတိုင်းရင်းသားများ၏ သဘောဆန္ဒမပါဟု ရှင်းလင်း
    • 01 လစ်လပ် လက်ထောက်ဆရာဝန်ရာထူးနေရာ ၈၄၀ အတွက် ၆၁ ဦးလျှောက်၊ ၄၉ ဦးရွေးချယ်
    • 02 ကိုဗစ်-၁၉ လူနာသစ် ၅၀၇ ဦး၊ သေဆုံးသူ ၁၄ ဦးထပ်တိုး  
    • 03 ၁၂ ကြိမ်မြောက်ထီ သိန်း ၁၀၀၀ ဆုအပါအဝင် ဆုမဲပေါင်း ၂ သောင်းကျော် လာမထုတ်သေး
    • 04 ချီလီအစိုးရ ဆန့်ကျင်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ ဖြိုခွင်း
    • 05 ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံက ဆရာဝန်အပါအဝင် ‌၅ ဦး ကိုဗစ်ကူးခံရသဖြင့် လူနာသစ်ကုသမှု ယာယီရပ်
    • 01 ကိုဗစ်-၁၉ လူနာသစ် ၅၀၇ ဦး၊ သေဆုံးသူ ၁၄ ဦးထပ်တိုး  
    • 02 တ၀မ်းတခါးအတွက် နေလောင်ဒဏ်ကို အန်တုသူများ
    • 03 ကျောက်ဆည်မြို့မရဲစခန်းတွင် အချုပ်တရားခံ ၁၄ ဦးနှင့် ရဲဝန်ထမ်း ၁ ဦး ကိုဗစ်ပိုးတွေ့
    • 04 ရုရှားအရှေ့ဖျားနှင့်ဆိုက်ဘေးရီးယားတွင် နာဗင်ညီလွှတ်ပေးရန်နှင့်ပူတင်နုတ်ထွက်ရန် ဆန္ဒပြ
    • 05 အမေရိကန်လွှတ်တော်လုံခြုံရေးအစောင့်တပ်ဖွဲ့ကို သမ္မတကတော် ကွတ်ကီးလက်ဆောင်ပေး
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.