A d v e r t i s e m e n t With Us

တူရကီသမ္မတခန့်အပ်သည့် ပါမောက္ခချုပ်အား ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ ထိန်းသိမ်း

တူရကီနိုင်ငံ မြို့တော်အန်ကာရာမှာ သမ္မတ အာဒိုဝမ် ခန့်အပ်တဲ့ ပါမောက္ခချုပ်အသစ်ကို  ဘိုဂါဇီဂျီတက္ကသိုလ်ကျောင်းသားတွေက ဆန့်ကျင် ဆန္ဒပြခဲ့ကြသလို  ဇန်နဝါရီ ၈ ရက်မှာ ကျောင်းသားတွေနဲ့ တသားတည်းရှိတယ်လို့ ဆန္ဒထုတ်ဖော်တဲ့သူတွေကို ရဲတွေက ထိန်းသိမ်းခဲ့ပါတယ်။   တူရကီ ထိပ်တန်းတက္ကသိုလ်မှာ တက္ကသိုလ်ပြင်ပက မယ်လစ်ဘူလူကို ပါမောက္ခချုပ် ခန့်တာက ဒီမိုကရေစီနည်းလမ်း မကျဘူးလို့ ရာနဲ့ချီတဲ့ ကျောင်းသားတွေနဲ့ တက္ကသိုလ်ဆရာ၊ ဆရာမတွေက ပြောဆိုပါတယ်။ ၂၀၁၆ မအောင်မြင်တဲ့ အာဏာသိမ်းမှုနောက်ပိုင်း တူရကီမှာ ဒီလိုဆန္ဒပြပွဲတွေက  ကြုံတောင့်ကြုံခဲဖြစ်ပြီး ဆန္ဒပြပွဲတွေကို လက်ခံလေ့မရှိပါဘူး။  ဆန္ဒပြပွဲတွေနဲ့ပတ်သက်လို့ သမ္မတ အာဒိုဝမ်ကို မေးမြန်းရာမှာတော့ သူက ဆန္ဒပြ ကျောင်းသားတွေနဲ့ တွေ့ဆုံဖို့ မစဉ်းစားဘူးလို့ ဆိုပါတယ်။  အာဒိုဝမ်က ဒီကိစ္စမှာ ပါဝင်နေတာ ကျောင်းသားတွေ မဟုတ်ဘဲ အကြမ်းဖက်သမားတွေ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up