A d v e r t i s e m e n t With Us

ရန်ကုန်-ဒလ​ သင်္ဘောဇက်ဆိပ်တွင် Mask ကမ်ပိန်းပြုလုပ်

ရန်ကုန်တိုင်းအစိုးရအဖွဲ့ဦးဆောင်ပြီး ရန်ကုန်-ဒလ​ပြေးဆွဲနေတဲ့ သင်္ဘောဇက်ဆိပ်မှာ ဇန်နဝါရီလ ၈ ရက်နေ့ မနက်ပိုင်းက Mask ကမ်ပိန်းပြုလုပ်ခဲ့ပါတယ်။  ဒီလှုပ်ရှားမှုမှာ ရန်ကုန်တိုင်ဝန်ကြီးချုပ်နဲ့ဝန်ကြီးတွေ၊ တိုင်းကျန်းမာရေးဌာနမှူးနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ YRTA အဖွဲ့ဝင်တွေကနေ ခရီးသည်တွေကို Maskနဲ့ လက်ကမ်းစာစောင် ဝေငှတာ၊ ကိုဗစ်-၁၉ စည်းကမ်းချက်တွေပါတဲ့ အင်္ကျီဝေငှခဲ့ပါတယ်။  ဒီလို Mask ကမ်ပိန်းတွေကို နိုဝင်ဘာလလယ်ပိုင်းကစပြီး လူစည်ကားတဲ့ ဘတ်စ်ကား မှတ်တိုင်တွေ၊ ရထားဘူတာတွေမှာ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ဒုတိယလှိုင်းမှာ ရောဂါကူးစက်မှုသိသိသာသာ ကျဆင်းသွားတယ်လို့ ရန်ကုန်တိုင်း ကျန်းမာရေးဌာနမှူး ဒေါက်တာထွန်းမြင့်က ပြောပါတယ်။  ဒီ ကမ်ပိန်းတွေကို ပြည်သူအကြားမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြတ်တောက်နိုင်ဖို့ အရှိန်မြှင့်ဆောင်ရွက်တာဖြစ်ပြီး ရေရှည်မှာ New Normal အတိုင်းနေသွားရမှာဖြစ်လို့ ပြည်သူတွေ အနေနဲ့ Maskတပ်ကြဖို့၊ လက်ဆေးကြဖို့နဲ့ လူချင်းခပ်ခွာခွာနေထိုင်ကြဖို့ ဒေါက်တာထွန်းမြင့်က တိုက်တွန်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up