Home
သတင်းဓာတ်ပုံ
စိန်​ဂေဟာအထည်ချုပ်လုပ်သား​ ၆၀၀ ​ကျော် ဆန္ဒပြ (ဓာတ်ပုံသတင်း​)
DVB
·
September 10, 2013
မန္တ​လေး​တိုင်း​ ပြည်ကြီး​တံခွန်မြို့​နယ်က စိန်ကမ္ဘာ အထည်ချုပ်စက်ရုံ အလုပ်သမား​အင်အား​ ၆၀၀ ​လောက်ဟာ အလုပ်ရှင်နဲ့​ စာချုပ်ပါအချက်အလက်​တွေကို သ​ဘောတူညီမှုမရှိလို့​ စက်တင်ဘာ ၁၀ ရက်​နေ့​ မနက်ပိုင်း​မှာ ၄ ကြိမ်​မြောက် ဆန္ဒ ​ဖော်ထုတ်​နေကြပါတယ်။ ဒီဆန္ဒပြပွဲမှာ တဖက်သတ်စာချုပ်ချုပ်ဆိုတာကိုရပ်ဖို့​၊​ စက်ရုံထဲမှာ အလုပ်သမား​အဖွဲ့​အစည်း​ ဖွဲ့​စည်း​တာကို ဟန့်​တား​ခြိမ်း​ခြောက်တာ မလုပ်ဖို့​၊​ မြို့​နယ်ညှိနှိုင်း​ဖျန်​ဖြေ​ရေး​အဖွဲ့​နဲ့​ ချုပ်ဆိုထား​တဲ့​ သ​ဘောတူစာချုပ်ကို မ​ဖောက်ဖျက်ဖို့​၊​ ဌာန တိုင်း​မှာ အလုပ်သမား​အင်အား​ လုံ​လောက်စွာထား​ရှိ​ပေး​ဖိုနဲ့​ လုပ်သက် ၃ လပြည့်​ပြီး​ လုပ်ငန်း​ကျွမ်း​ကျင်တဲ့​ အလုပ်သမား​တွေကို လစာတိုး​ပေး​ဖို့​၊​ ဝန်ထမ်း​ဆန္ဒမပါပဲ အလုပ်ဌာန အ​ဆောင်​တွေ ​ပြောင်း​မ​ပေး​ဖို့​နဲ့​ ဝန်ထမ်း​တိုင်း​ကို လစာ ၂ ​သောင်း​စီတိုး​ပေး​ဖို့​ စတဲ့​အချက်​တွေကိုအလုပ်သမား​တွေက ​တောင်း​ဆိုထား​ပါတယ်။ စိန်ကမ္ဘာ အထည်ချုပ်စက်ရုံမှာ အလုပ်ရှင်နဲ့​ အလုပ်သမား​အကြား​ ညှိနှိုင်း​ဖျန်​ဖြေ​ရေး​ အဖွဲ့​နဲ့​ ညှိနှိုင်း​မှု​တွေ မကြာခဏပြုလုပ်ရပြီး​ အလုပ်ရှင်ဘက်က သ​ဘောတူညီချက်​တွေ ချိုး​ဖောက်တဲ့​အတွက် အခု ၄ ကြိမ်​မြောက် ဆန္ဒပြ​နေတာ ဖြစ်ပါတယ်။ ဒီတခါမှာ​တော့​ အလုပ်ရှင်ဘက်က ညှိနှိုင်း​ဆောင်ရွက်ဖို့​ ​ရှေ့​နေတ​ယောက် ​စေလွှတ်ခဲ့​ပေမယ့်​ ကိုယ်စား​လှယ်လွှဲစာ ပါမလာတဲ့​အတွက် အလုပ်သမား​တွေက ညှိနှိုင်း​မှု မလုပ်နိုင်​ကြောင်း​ အ​ကြောင်း​ ပြန်ကြား​ထား​ပါတယ်။ သတင်း​ဓာတ်ပုံ - အိမ်ခိုင်မြဲ [album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/MDY Protest 10092013/]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024