ညစ်ညမ်းဗီဒီယိုဖြင့် ငွေညှစ်မှုအတွက် ဘန်ဇီမာ စစ်ဆေးခံရမည်

လက်ရွေးစင်အသင်းဖော် ဗယ်ဘူနာပါဝင်တဲ့ ညစ်ညမ်းဗီဒီယိုနဲ့ ငွေညှစ်ဖို့ ကြိုးစားရာမှာ ပါဝင်ခဲ့မှုကြောင့် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ကာရင်ဘန်ဇီမာဟာ စစ်ဆေးခံရတော့မှာ ဖြစ်ပါတယ်။  ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ၅ နှစ် အာမေးနီးယားနဲ့ ခြေစမ်းပွဲ မတိုင်ခင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘင်ဇီမာဟာ ဗယ်ဘူနာကို ငွေညှစ်ဖို့ကြိုးစားမှုနဲ့ စွပ်စွဲခြင်း ခံထားရပါတယ်။  ဒါ့ကြောင့် ဘန်ဇီမာကို ရက်မသတ်မှတ်ရသေးတဲ့ နေ့တစ်ခုမှာ တရားရုံးကိုလာ  ရောက်အစစ်ဆေးခံဖို့ ဗာဆီးလတ်အစိုးရရှေ့နေရုံးက အကြောင်းကြားထားတယ်လို့လည်း AFP သတင်းမှာ  ဖော်ပြပါတယ်။  ဒါဟာ လုံးဝမတရားမှုဖြစ်ကြောင်းနဲ့ ဘန်ဇီမာဟာ ဒီကိစ္စအတွက် လုံးဝရှက်ရွံ့ခြင်း ဖြစ်စရာမလိုဘူးလို့ တိုက်စစ်မှူးရဲ့ ရှေ့နေက ပြောပါတယ်။   ဒါပေမဲ့ ဗယ်ဘူနာရဲ့ရှေ့နေကကတော့ ဒီစစ်ဆေးခြင်းဟာ လူပေါင်းများစွာကို အခြေပြုပြီး စနစ်တကျဖြစ်ပေါ်လာတဲ့ ယုတ္တိကျကျ ရှေ့ဆက်ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဘန်ဇီမာဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မကြာခဏဆိုသလို မေးမြန်းခြင်းခံခဲ့ရပြီး  လိုင်ယွန်တိုက်စစ်မှူးဟောင်းကတော့ ဗယ်ဘူနာဟာ သူ့ကို နာမည်ဖျက်ဖို့ သက်သက်လုပ်ဆေင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။  ၂၀၁၇ ခုနှစ်အင်တာဗျူးတစ်ခုမှာ ဘန်ဇီမာက “ ဒီကိစ္စမှာကျနော်ပါနေမှန်း သိရင်သူ အမှု မဖွင့်မခဲ့ပါဘူးလို့ ဗယ်ဘူနာက ကျနော့်ကို ပြောခဲ့ဖူးပါတယ်။ တစ်နှစ်ခွဲလောက်  ကျနော်ဟာ သူ့အတွက် အဆိုးရွားဆုံးရန်သူ၊ လူဆိုး၊ လူယုတ်မာတစ်ယောက်ဖြစ်ခဲ့ပြီး ကျနော်ကို အပြစ်ပေးဖို့ ကျနော့် နာမည်နဲ့မိသားစု ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ကြိုးစားခဲ့ပါတယ်။ အခုဆိုရင်ကျနော့် အခင်ရဆုံး မိတ်ဆွေနဲ့မတွေ့ရတာလည်း ၂ နှစ်နီးပါးရှိပါပြီ။ အဲ့လိုမှ မဟုတ်ရင်လည်း ကျနော်တို့ ဖမ်းဆီး ထောင်ချခံရနိုင်ပါတယ်။ အခုချိန်ထိ သူ့ဘက်က တိတ်ဆိတ်နေပါတယ်။ ဒီကိစ္စကို အဆုံးသတ်လိုက်သင့်ပါတယ်။ သူဘာ့ကြောင့် ကျနော်ပါတယ်လို့ ထပ်ခါထပ်ခါ ပြောနေသလဲ ဆိုတာကိုတော့ မသိတော့ပါဘူ” လို့ပြောပါတယ်။  ဗယ်ဘူနာရဲ့ကိစ္စမှာ သူ့ဘက်က ဘာအမှားမှ မလုပ်ခဲ့ဖူးလို့ ဘန်ဇီမာက ငြင်းဆိုထားပေမဲ့ ဒီကိစ္စကြောင့် သူဟာ ပြင်သစ်လက်ရွေးစင်အသင်းကနေ ဖယ်ရှားခြင်းခံခဲ့ရပါတယ်။   အသက် ၃၃ နှစ်အရွယ်ကစားသမားဟာ သူ့ရဲ့နောက်ဆုံးလက်ရွေးစင်ပွဲကို ၂၀၁၅ နိုဝင်ဘာလမှာ ကစားခဲ့တာဖြစ်ပြီး ကလပ်အသင်းမှာ အကောင်းမွန်ဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့ပေမဲ့လည်း ပြင်သစ်လက်ရွေးစင်နည်းပြအဆက်ဆက်က သူ့ကို ရွေးချယ်ခြင်းမရှိခဲ့ပါဘူး။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up