ကျပ်သန်း ၅,၀၀၀ ကျော်ကုန်ကျသည့် ဧရာဝတီတိုင်း လွှတ်တော်သစ် ဖွင့်လှစ် (ဓာတ်ပုံ)
DVB
·
January 8, 2021
ငွေကျပ်သန်း ၅,၀၀၀ ကျော် အကုန်အကျခံကာ တည်ဆောက်ခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်သစ်ကို ဇန်နဝါရီ ၈ ရက် ဒီနေ့ မနက်ပိုင်းမှာ အကျဉ်းချုံး ဖွင့်လှစ်လိုက်ပါတယ်။
၂၀၁၈ ခုနှစ်ကစတင်ကာ ၄ နှစ်ကြာ တည်ဆောက်ခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်သစ်မှာ လွှတ်တော်အဆောက်အအုံ ၊ လွှတ်တော်ကိုယ်စား လှယ်များတည်းခိုဆောင်၊ လွှတ်တော်ရုံးဝန်ထမ်းတွေအတွက် အိမ်လိုင်းခန်းတွေနဲ့ လွှတ်တော်ရဲ့ လိုအပ်တဲ့ အသုံးဆောင်ပစ္စည်းတွေ အပါအဝင် ကုန်ကျငွေ ကျပ်သန်း ၅၀၀၀ ကျော် အကုန်ကျခံ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
လွှတ်တော်သစ်ဖွင့်ပွဲကို ကိုဗစ်စည်းကမ်းနဲ့အညီ အကျဉ်းချုံးကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်မှုဆောင် ဒေါက်တာ မျိုးညွန့်လာရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးသက်တမ်းမှာ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဟာ နောက်ဆုံးဖွင့်လှစ်ခဲ့တဲ့ လွှတ်တော်လည်းဖြစ်တယ်လို့ သိရပါတယ်။
Photo - Min Htet Mone / MPA