အမေရိကန်လွှတ်တော်စီးနင်းခံရမှု ကန့်ကွက်သည့်အနေဖြင့် ဝန်ကြီး ၂ ဦး ရာထူးက နုတ်ထွက်

457
အမေရိကန်ကွန်ဂရက်လွှတ်တော် အဆောက်အအုံ စီးနင်းခံရပြီးနောက် ဇန်နဝါရီ ၇ ရက်က ပို့ဆောင်ရေးဝန်ကြီး အီလိန်းချောင်နဲ့ ပညာရေးဝန်ကြီး ဘက်စ်တီဒီဗို့စ်တို့ ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။
ထရမ့်ထောက်ခံသူတွေက ကွန်ဂရက်လွှတ်တော်ကို ဝင်ရောက် စီးနင်းတာကြောင့် ရာထူးကနေ နုတ်ထွက်တယ်လို့ ဝန်ကြီး အီလိန်းချောင်က ပြောပါတယ်။
ချောင်ဟာ အမေရိကန်အထက်လွှတ်တော် လူများစု ခေါင်းဆောင် မစ်ချ်မက်ကွန်နယ်ရဲ့ ဇနီးဖြစ်ပြီး ကွန်ဂရက် တိုက်ခိုက်ခံရပြီး ရာထူးက ပထမဆုံး နုတ်ထွက်တဲ့ အစိုးရအဖွဲ့ဝန်ကြီး ဖြစ်ပါတယ်။
အလားတူ ပညာရေးဝန်ကြီး ဘတ်စ်တီဒီဗို့စ်ကလည်း ကွန်ဂရက်စီးနင်းခံရတာကို ကန့်ကွက်တဲ့အနေနဲ့ ရာထူးက နုတ်ထွက်သွားပါတယ်။
သမ္မတ ထရမ့်ဆီ ပေးပို့တဲ့ စာမှာ ဒီဗို့စ်က "ကွန်ဂရက်ကို တိုက်ခိုက်တာက သိပ်ကို တရားလွန်တယ်"လို့ ရေးသားခဲ့ပါတယ်။
အမေရိကန်ကွန်ဂရက် တိုက်ခိုက်ခံရပြီးနောက်ပိုင်း အိမ်ဖြူတော် လက်ထောက်အတော် များများအပါအဝင် အောက်ခြေအုပ်ချုပ်ရေးအရာရှိ အများပြား ရာထူးက နုတ်ထွက်တယ်ဆိုပြီး ကြေညာခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။