ဗိုလ်တထောင်မှာ ဆောက်လုပ်ရေး ကုမ္ပဏီ ၄ ခု ကို ဆန္ဒပြ (ဓာတ်ပုံသတင်း)

2.3K
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် စီအိုဒီနဲ့ ဘီအေအိုဒီဝင်းထဲက နှစ် ၉၀ ဂရန်မြေပေါ်မှာ ဝါဝါဝင်း၊ ဧဒင်၊ ပတ္တမြားနဂါးနဲ့ ယုဇနဆောက်လုပ်ရေးကုမ္ပဏီတွေက ကျုးကျော် ဆောက်လုပ်နေမှုအပေါ် မြေပိုင်ရှင်တွေက သက်ဆိုင်ရာကို တိုင်ကြားခဲ့ပေမယ့် ဖြေရှင်းပေးခြင်း မရှိတာကြောင့် ရပ်ကွက်နေ မြေပိုင်ရှင်တွေက စက်တင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။
အခုတခါ ဆန္ဒပြခဲ့တာဟာ ၅ ကြိမ်မြောက်ဖြစ်ပြီး ဖြေရှင်းပေးနိုင်ခြင်း မရှိရင် သပိတ်စခန်း ဖွင့်လှစ်ပြီး ကန့်ကွက်သွားမယ်လို့ ဆန္ဒထုတ်ဖော်သူတွေက နိုင်ငံတော်သမ္မတဆီကို အကြောင်းကြားစာ ပေးပို့ထားပါတယ်။
သတင်းဓာတ်ပုံ - နေရီရီ
[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/BAOD Land Protest/]