Home
မြန်မာသတင်း
ကုလအကူအညီများ​ ကချင်ဒုက္ခသည်များ​ကို ​ပေး​အပ်
DVB
·
September 9, 2013
ကချင်ပြည်နယ် လိုင်ဇာမြို့​အနီး​မှာရှိတဲ့​ ဒုက္ခသည်စခန်း​တွေဆီကို ကုလသမဂ္ဂက လူသား​ချင်း​စာနာမှု အကူအညီ​တွေ တင်​ဆောင်ထား​တဲ့​ ယာဉ်တန်း​တွေ ၁ နှစ်ခွဲကာလအတွင်း​ ပထမဆုံး​အကြိမ် သွား​ရောက် ​ပေး​ပို့​ခဲ့​ပါတယ်။ အကူအညီပစ္စည်း​တွေ ဩဂုတ် ၇ ရက်​နေ့​က စတင်​ရောက်ရှိ​နေတာဖြစ်ပြီး​ လိုင်ဇာအနီး​က လွယ်ဂျယ်ဒုက္ခသည်စခန်း​က ဒုက္ခသည်​တွေအတွက် ရိက္ခာ ပစ္စည်း​တွေ ဖြန့်​ဝေ​ပေး​နေပြီဖြစ်တဲ့​အ​ကြောင်း​ ကချင်လွတ်လပ်​ရေး​အဖွဲ့​အစည်း​(​ကေအိုင်အို)ရဲ့​ ဒုက္ခသည် ကူညီကယ်ဆယ်​ရေး​ကော်မတီက ဒွဲပီဆာက ​ပြောပါတယ်။ ကုလသမဂ္ဂရဲ့​ ​ထောက်ပံ့​ရေး​ပစ္စည်း​တွေဟာ ကုန်တင်ကား​ ၁၀ စီး​ကျော်နဲ့​ တင်​ဆောင်လာတာဖြစ်ပြီး​ ကျန်တဲ့​ဒုက္ခသည်စခန်း​တွေကို​တော့​ ​နောက်အ​ခေါက်​တွေမှ ဖြန့်​ဝေ သွား​မယ်လို့​ ဆိုပါတယ်။ အရင် ၂၀၁၁ ဒီဇင်ဘာလက ​ထောက်ပံ့​စဉ်က​တော့​ ဒုက္ခသည်အိမ်​ထောင်စု ၈၀၀ ​ကျော်ပဲ ဖြန့်​ဝေဖို့​ ကုလသမဂ္ဂက ​ပြောဆိုခဲ့​ပေမယ့်​ အကူအညီရသူ​တွေနဲ့​ မရသူ​တွေအကြား​ ပြဿနာ ဖြစ်လာနိုင်တဲ့​အတွက် ​ကေအိုင်အိုရဲ့​ ကယ်ဆယ်​ရေး​ကော်မတီက မျှ​ဝေဖြန့်​ဝေခဲ့​ရတာ​တွေ ရှိခဲ့​ရတဲ့​ အ​ကြောင်း​လည်း​ ဒွဲပီဆာက ရှင်း​ပြပါတယ်။ လိုင်ဇာအနီး​မှာ ဒုက္ခသည် ၂ ​သောင်း​ကျော်ရှိပြီး​ နယ်စပ်တ​လျှောက်မှာ​တော့​ ဒုက္ခသည် စခန်း​ ၃၀ ​လောက်ရှိ​နေတာ ဖြစ်ပါတယ်။ ကချင်လွတ်လပ်​ရေး​တပ်မ​တော်နဲ့​ အစိုး​ရတပ်​တွေအကြား​ တိုက်ပွဲ​တွေ​ကြောင့်​ ​သောင်း​နဲ့​ ချီတဲ့​ ဒုက္ခသည်​တွေဟာ စခန်း​တွေမှာ ခိုလှုံ​နေတာဟာ ၂ နှစ်​ကျော် ကြာမြင့်​နေပြီဖြစ်ပြီး​ ကချင်ဒုက္ခသည်ဦး​ရေဟာ ၈ ​သောင်း​ကျော် ​လောက်ရှိတယ်လို့​ ကချင်ဒုက္ခသည် ကူညီကယ်ဆယ်​ရေး​ကော်မတီက ​ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024