A d v e r t i s e m e n t With Us

အီရန်စစ်ရေးလေ့ကျင့်မှုအတွင်း စစ်ဘက်သုံး ဒရုန်းယာဉ်များကို ပစ်ခတ်ပြ 

အီရန်နိုင်ငံ ဆမ်နန်ခရိုင်မှာ တိုက်ခိုက်ရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှု မစခင် အီရန် အစိုးရက စစ်ဘက်သုံး ဒရုန်းယာဉ်တွေကို ဇန်နဝါရီ ၅ ရက်က ထုတ်ပြခဲ့ပါတယ်။ ခင်းကျင်းပြသထားတဲ့ ဒရုန်းယာဉ်တွေကို အီရန်စစ်တပ် စစ်ဦးစီးအရာရှိချုပ်က ကြည့်ရှု သုံးသပ်ခဲ့ပါတယ်။ စစ်ရေးလေ့ကျင့်မှု ဒုတိယနေ့ဖြစ်တဲ့ ဇန်နဝါရီ ၆ ရက်မှာတော့ ဒရုန်းယာဉ်တွေ ပျံသန်းပြီး စစ်တပ်သုံး ဒုံးကျည်တွေ ပစ်လွှတ် စမ်းသပ်ခဲ့တာကို ရုပ်သံက ပြသပါတယ်။  အီရန်နဲ့ သူကျောထောက်နောက်ခံ ပေးထားတဲ့ ဒေသတွင်းစစ်တပ်တွေဟာ ယီမင်၊ ဆီးရီးယား၊ အီရတ်နဲ့ ပင်လယ်ကွေ့အဝမှာရှိတဲ့ ဟော်မုဇ်ရေလက်ကြားတို့မှာ လတ်တလော နှစ်တွေအတွင်း ဒရုန်းယာဉ်တွေကို အားကိုးမှု ပိုတိုးလာနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up