ဝီကီလိခ်ထူထောင်သူ၏အာမခံ ဗြိတိန်တရားရုံးက ပယ်ချ

1.4K
ဝီကီလိခ်တည်ထောင်သူ ဂျူလီယန်အက်ဆန်ရဲ့ အာမခံလျှောက်လဲချက်ကို ဗြိတိန် တရားရုံး က ဇန်နဝါရီ ၆ ရက်မှာ ပယ်ချလိုက်ပါတယ်။
အမေရိကန်အစိုးရက အက်ဆန်ကို လွှဲပြောင်းရယူဖို့ ကြိုးပမ်းရာမှာ သူဟာ ထွက်ပြေးနိုင်တဲ့ အန္တရာယ်လို့ တရားသူကြီးက ဆိုပါတယ်။
ဇန်နဝါရီ ၄ ရက်က အက်ဆန်ဟာ သူ့ကို အမေရိကန်ဆီ လွှဲပြောင်း မပေးဖို့ ကြိုးပမ်းရာမှာ အနိုင်ရခဲ့ပါတယ်။ အဲဒီနောက် သူဟာ အာမခံ ရဖို့ လျှောက်လဲခဲ့တာပါ။
အမေရိကန် တရားရေးဌာနကတော့ အက်ဆန်ကို အမေရိကန်ဆီ လွှဲပေးဖို့ ဆက်ကြိုးပမ်း နေပြီး ဗြိတိန်တရားရုံး ဆုံးဖြတ်ချက်ကို အယူခံဝင်သွားမယ်လို့ ပြောပါတယ်။
ထောက်ခံသူတွေက သူ့ကို အမေရိကန်အစိုးရရဲ့ အာဏာအလွဲသုံးမှုတွေကို ဖော်ထုတ်တဲ့ သူရဲကောင်းအဖြစ် ဂုဏ်ပြုကြပါတယ်။
ရှုတ်ချသူတွေကတော့ သူ့ကို အနောက်နိုင်ငံတွေရဲ့ လုံခြုံရေးကို ထိခိုက်စေတဲ့ အန္တရာယ် ပေးသူအဖြစ် သတ်မှတ်သလို သူဟာ ဂျာနယ်လစ် တစ်ယောက်ဆိုတာကိုလည်း စောဒက တက်ကြတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။