A d v e r t i s e m e n t With Us

အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ် တူရကီကလပ် ဖီနာဘာချီသို့ ပြောင်းမည်

အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်ဟာ တူရကီကလပ် ဖီနာဘာချီအသင်းဆီ ပြောင်းရွှေ့ဖို့ သဘော တူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။ အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ အိုဇေးလ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ နောက်ပိုင်းကာလကနေ လက်ရှိအချိန်အထိ တစ်ပွဲမှ ကစားခွင့် မရသေးတာကြောင့် အသင်းပြောင်းဖို့ ဆုံးဖြတ်ထားတာပါ။  အသက် ၃၂ နှစ်ရှိ အိုဇေးလ်ကို ဖီနာဘာချီအသင်းက  ၃ နှစ် ခွဲ စာချုပ်ချုပ်ဆိုမှာဖြစ်တယ်လို့ တူရကီမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။  ဖီနာဘာချီအသင်းဥက္ကဋ္ဌ အယ်လီကော့ကလည်း အိုဇေးလ်သာ ရောက်ရှိလာခဲ့ရင် နှစ်သက်စရာကောင်းလိမ့်မယ်လို့ ဝန်ခံခဲ့ ဖူးပါတယ်။  အိုဇေးလ်ကတော့ တူရကီက အစ္စတန်ဘူလ်မြို့တော်နဲ့ ပတ်သက်ပြီး အင်စတာဂရမ်က ဓာတ်ပုံတင်ခဲ့ပါသေးတယ်။   အာဆင်နယ်အသင်းရဲ့ လုပ်ခအများဆုံး ကစားသမားအိုဇေးလ်ဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။  ၂၀၁၃ ခုနှစ်က ရီးရဲလ်မက်ဒရစ်ကနေ ပြောင်းရွှေ့လာတဲ့ အိုဇေးလ်ဟာ အာဆင်နယ်အတွက် စုစုပေါင်း ၂၅၄ ပွဲ ကစားခဲ့ပြီး ၄၄ ဂိုး သွင်းကာ ၇၇ ကြိမ် ဂိုး ဖန်တီး ပေးနိုင်ခဲ့ပါတယ်။ ဆုဖလားအောင်မြင်မှုအနေနဲ့ အက်ဖ်အေဖလား ၄ ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၂ ကြိမ် ရခဲ့ပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up