Home
မြန်မာသတင်း
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၈၇ သန်းကျော်၊ မြန်မာတွင် ၁၂၈,၁၇၈ ဦးရှိလာ
DVB
·
January 7, 2021
ကမ္ဘာတဝန်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၈၇ သန်းကျော်လာခဲ့ ပြီဖြစ်ကာ သန်းနဲ့ချီကူးစက်ခံရတဲ့ နိုင်ငံပေါင်း  ၁၈ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရပြီး သေဆုံးသူအရေအတွက် ၁ ဒ သမ ၈ သန်းကျော်၊ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက် ၆၂ ဒသမ ၉ သန်း ကျော် ရှိနေတာပါ။ ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၂၁ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၃၆၈,၅၂၉ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၁၀ ဒသမ ၃ သန်းကျော်၊ သေဆုံးသူ ၁၅၀,၃၇၂ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၇ ဒ သမ ၈ သန်းကျော်၊ သေဆုံးသူ ၁၉၇,၉၅၆ ယောက်စီနဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည်နေပါတယ်။ အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှားနိုင်ငံက ကူးစက်ခံရသူ ၃ ဒသမ ၃ သန်းကျော်၊  ယူကေနိုင်ငံက ၂ ဒသမ ၈ သန်းကျော်၊ ပြင်သစ်နိုင်ငံက ၂ ဒသမ ၇ သန်းကျော်၊ တူရကီ နိုင်ငံနဲ့ အီတလီနိုင်ငံတွေက ၂ ဒသမ ၂ သန်းကျော်စီနဲ့ အသီးသီး ကူးစက်ခံထားရတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ စပိန်၊ ဂျာမနီ၊ ကိုလံဘီယာ၊ အာဂျင်တီးနား၊ မက္ကဆီကို၊ ပိုလန်၊ အီရန်၊ တောင်အာဖရိက၊ ယူကရိန်းနဲ့ ပီရူးနိုင်ငံတွေ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၁ သန်းကျော်လာခဲ့ပြီ ဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါ ကူး စက်ခံရသူဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။ ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၇,၂၁၅ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ ခုရက်ပိုင်း အတွင်း သေဆုံးသူထပ်တိုးမလာဘဲ နိုင်ငံအလိုက် အမှတ်စဉ် ၈၂ နေရာထိ ကျဆင်း သွားခဲ့ပါတယ်။ အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့် ဆုံး အိန္ဒိယ၊ တူရကီနဲ့ အီရန်နိုင်ငံပြီးရင် အင်ဒိုနီးရှား၊ အီရတ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွေက ကူးစက်ခံရသူဦးရေ  ၇၈၈,၄၀၂ ယောက်၊ ၅၉၉,၉၆၅ ယောက်၊ ၅၁၈,၈၉၈ ယောက်စီနဲ့ အသီးသီး ရှိနေပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံပြီးရင် ဖိလစ်ပိုင်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၄၈၀,၇၃၇ ယောက်နဲ့ သေဆုံးသူ ၉,၃၄၇ ယောက်နဲ့ ဒုတိ ယနေရာမှာ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာတော့ ဇန်နဝါရီ ၆ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၂၈,၁၇၈ ယောက်၊ သေဆုံးသူ ၂,၇၈၅ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၁၁,၄၀၁ ယောက်ရှိပြီလို့ ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။ မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၂၅,၄၃၈ ယောက်နဲ့ သေဆုံးသူ ၅၁၃ ယောက် ရှိပါတယ်။ စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၈,၇၈၀ ယောက်နဲ့ ခုရက်ပိုင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၂၉ ယောက် ရှိနေတာ ဖြစ်ပါတယ်။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၉,၃၃၁ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူအရေအတွက် ၆၆ ယောက် ရှိနေပါတယ်။ ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၅၀၅ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၇၂ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေ အတွက် ၃၈၃ ယောက်နဲ့  ၄၁ ယောက်စီ အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024