မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို အသင်း ၁၀ သင်းဖြင့် ကျင်းပမည်

Photo : Myanmar National League
ကလပ်အသင်း  ၄ သင်း နုတ်ထွက်ခဲ့ပေမဲ့ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို အသင်း ၁၀ သင်းနဲ့ ကျင်းပသွားမယ်လို့ လိဂ်ကော်မတီက အတည်ပြုလိုက်ပါတယ်။ ပြိုင်ပွဲနဲ့ပတ်သက်ပြီး လိဂ်ကော်မတီအစည်းအဝေးကို ဇန်နဝါရီ ၆ ရက်က Video Conferencing  နဲ့ ပြုလုပ်ခဲ့ရာမှာ အသင်း ၁၀ သင်းနဲ့ ကျင်းပသွားမယ်လို့ အတည်ပြုခဲ့တာပါ။   ၂၀၂၀  ဘောလုံးရာသီမှာ ကိုဗစ်-၁၉ အကျပ်အတည်းနဲ့အတူ ဇွဲကပင်နဲ့ ချင်းယူနိုက်တက်အသင်းတွေက ပြိုင်ပွဲမပြီးခင်မှာပဲ နုတ်ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။ အလားတူ ပြိုင်ပွဲအပြီးမှာလည်း မကွေးအက်ဖ်စီအသင်းနဲ့ ဆောက်သမ်းမြန်မာအသင်းတို့က ဖျက်သိမ်းလိုက်တာကြောင့် မြန်မာလိဂ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး စိုးရိမ်ခဲ့ကြတာပါ။  လက်ရှိအချိန်မှာတော့ လက်ကျန် ၈ သင်းနဲ့အတူ မနှစ်က လိဂ်-၂ ပြိုင်ပွဲ ကနေ တန်းတက်လာခဲ့တဲ့ ချင်းလန်းအက်ဖ်စီနဲ့ မြဝတီအက်ဖ်စီတို့ အပါအဝင် စုစုပေါင်း ၁၀ သင်းနဲ့ လာမယ့် ဧပြီလအတွင်း ဆက်လက်ကျင်းပမယ်လို့ အတည်ပြုခဲ့တာပါ။ လိဂ်-၂ ပြိုင်ပွဲမှာ အသင်း ၈ သင်းနဲ့ ကျင်းပမှာဖြစ်ပြီး မေလအတွင်းမှာ စတင်မယ်လို့ သိရပါတယ်။  အလားတူ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက် ပြိုင်ပွဲကို ဇွန်လမှာ စတင်မှာဖြစ်ပြီး ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲကိုတော့ မေလမှာ စတင်မယ်လို့ သိရပါတယ်။  ဒါ့အပြင် အမျိုးသမီးလိဂ်ပြိုင်ပွဲကို လာမယ့် ဧပြီလမှာ စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up