ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို ဟောင်ကောင်ရဲတပ်ဖွဲ့က ဖမ်းဆီး

72
ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေအရ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို ရဲတပ်ဖွဲ့က ဇန်နဝါရီ ၆ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ အမျိုးသားလုံခြုံရေးဥပဒေကို တရုတ်အစိုးရ ပြဋ္ဌာန်းပြီးနောက်ပိုင်း ဒါဟာ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေအပေါ် အကြီးမားဆုံးဖြိုခွင်းမှု ဖြစ်ပါတယ်။ ဒီဥပဒေနဲ့ဆက်နွှယ်တဲ့ ဖမ်းဆီးမှုအတွင်း အမေရိကန်ရှေ့နေတစ်ယောက်လည်း ပါသွားခဲ့တယ်လို့ RTHK သတင်းဌာနမှာ ဖော်ပြပါတယ်။
ဟို၊ စီ၊ ဝေ နဲ့ ရောင်းရင်းများဆိုတဲ့ ဥပေဒအကျိုးဆောင်လုပ်ငန်းတစ်ခုကို ရဲက စီးနင်းရာမှာ ဂျွန်ကလန်စီ ဆိုတဲ့ ရှေ့နေ အဖမ်းခံရတာပါ။
ဂျွန်ကလန်စီဟာ အာရှလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌနဲ့ ဟောင်ကောင်ဒီမိုကရေစီအရေး ဆန္ဒပြသူတွေနဲ့ ဆက်နွှယ်တဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။
ဖမ်းဆီးမှုမှာ လွှတ်တော်အမတ်ဟောင်းတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ၂၀၂၀ ပါတီ ကိုယ်စားလှယ် အကြိုရွေးကောက်ပွဲ စီစဉ်သူတွေ အပါအဝင် လူ ၅၀ ကျော် ပါဝင်တယ်လို့ ဒေသမီဒီယာကို ကိုးကားပြီး ရိုက်တာက ဖော်ပြပါတယ်။