A d v e r t i s e m e n t With Us

တောင်ကိုရီးယားသင်္ဘောနှင့် အမှုထမ်းများကို ဓားစာခံခေါ်ထားမှု အီရန် ငြင်းဆို

တောင်ကိုရီးယားသင်္ဘောနဲ့ အမှုထမ်းတွေကို ဓားစာခံခေါ်ထားတယ်ဆိုတာကို အီရန် အစိုးရက ဇန်နဝါရီ ၅ ရက်မှာ ငြင်းဆိုလိုက်ပါတယ်။  တောင်ကိုရီးယားသင်္ဘောကို ဖမ်းဆီးပြီး တောင်ကိုရီးယားအစိုးရ ဘဏ်စာရင်းပိတ်ထားတဲ့ ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၇ ဘီလီယံကို ထုတ်ပေးဖို့ ဖိအားပေးပြီး တစ်ရက်အကြာမှာ အခုလို အီရန်က ငြင်းဆိုတာပါ။ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုကြောင့် တောင်ကိုရီးယားအစိုးရက အီရန်ရဲ့ ဘဏ်စာရင်းကို ပိတ်လိုက်တာ ဖြစ်ပါတယ်။  ဟောဇ်မုခ်ရေလက်ကြားအနီး အမ်တီဟန်နွတ်ချမ်မီနဲ့ အမှုထမ်း ၂၀ ကို ဖမ်းဆီးလိုက်တာဟာ အီရန်က သူ့ရဲ့တောင်းဆိုချက်တွေ အခိုင်အမာဆိုတဲ့ လုပ်ရပ်အဖြစ် ရှုမြင်ကြပါတယ်။  ဒါဟာ အမေရိကန်  ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင် ရာထူးလက်မခံမီ သီတင်းနှစ်ပတ်အလိုမှာ ဖြစ်ခဲ့ပြိး အီရန်ဟာ  ဘိုင်ဒင်ကို ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းစေလိုပါတယ်။  ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ တောင်ကိုရီးယားအစိုးရက အီရန်သံအမတ်ကြီးကို ဆင့်ခေါ်ပြီး တောင်ကိုရီးယားသင်္ဘောကို လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် အီရန်ကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်သွားမယ်လို့လည်း တောင်ကိုရီးယားဘက်က ပြောပါတယ်။ အီရန်ကတော့ တောင်ကိုရီးယားသင်္ဘောဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စည်းကမ်းချက်တွေကို ချိုးဖောက်လို့ ထိန်းသိမ်းထားတာ ဖြစ်တယ်ဆိုပြီး ပြောဆိုတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up