ပီအက်စ်ဂျီနည်းပြရာထူးက ခရစ္စမတ်လက်ဆောင်တစ်ခု ရလိုက်သလိုဖြစ်ဟု ပိုချက်တီနို ပြော

ပီအက်စ်ဂျီအသင်း နည်းပြရာထူးက ခရစ္စမတ်လက်ဆောင်တစ်ခု ရလိုက်သလို ဖြစ်ခဲ့တယ်လို့ နည်းပြသစ် ပိုချက်တီနိုက ပြောပါတယ်။ ပိုချက်တီနိုဟာ ပီအက်စ်ဂျီအသင်းနဲ့ မနေ့က တရားဝင်စာချုပ် ချုပ်ဆိုခဲ့တာပါ။ လွန်ခဲ့တဲ့နှစ် ၂၀ က ကစားခဲ့ဖူးတဲ့အသင်းကို ပြန်လည်ရောက်လာခွင့်ရခဲ့တာက အိပ်မက်တစ်ခု ပြည့်မြောက်ခဲ့တာ ဖြစ်ပြီး ခရစ္စမတ်လက်ဆောင်တစ်ခု ရလိုက်သလို ပျော်ရွှင်မိတယ်လို့ နည်းပြ ပိုချက်တီနိုက ပြောပါတယ်။ အာဂျင်တီးနားနည်းပြ ပိုချက်တီနိုဟာ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က ပီအက်စ်ဂျီအသင်းမှာ နောက်ခံလူအဖြစ် ပါဝင်ကစားခဲ့ဖူးတာပါ။ ပီအက်စ်ဂျီအသင်းက အမြဲတမ်း နည်းပြချင်ခဲ့တဲ့အသင်း ဖြစ်ပြီး ပစ်မှတ်အသင်းတွေထဲက တသင်း ဖြစ်တယ်လို့လည်း ပိုချက်တီနိုက ပြောပါတယ်။ နောက်ခံလူ မာကွင်ဟိုကို အသင်းခေါင်းဆောင်အဖြစ် ဆက်လက်တာဝန်ပေးမယ်လို့ ပိုချက်တီနိုက အတည်ပြုခဲ့ပြီး နေမာနဲ့ အမ်ဘာပေတို့ရဲ့ အကောင်းဆုံးခြေစွမ်းရရှိအောင် လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up