A d v e r t i s e m e n t With Us

တောင်ကိုရီးယားတွင် ကိုဗစ်-၁၉ စည်းကမ်းကန့်သတ်မှုများကို Gym သင်တန်းဆရာများ ဆန္ဒပြ

တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ဆက်နွှယ်ပြီး သေဆုံးသူ အရေအတွက်ဟာ ဇန်နဝါရီ ၅ ရက်က ၁,၀၀၀ ကျော်ရှိလာနေချိန်မှာပဲ Gym လေ့ကျင့်ရေးခန်းမပိုင်ရှင်တွေက တင်းကျပ်တဲ့ ခပ်ခွာခွာနေရေး စည်းကမ်းတွေကို လက်မခံဘဲ ဆန့်ကျင်နေကြပါတယ်။ ဇန်နဝါရီ ၅ ရက်က ဆိုးလ်မြို့မှာ ကျန်းမာရေးသင်တန်း ဆရာ၊ ဆရာမတွေက အကျဉ်းထောင်ဝတ်စုံတွေ ဝတ်ပြီး ဆန္ဒပြခဲ့ပါတယ်။ Gym အားကစားခန်းမဖွင့်တာကို ပြစ်မှုကျူးလွန်သလို သဘောထားခံနေရပြီး စည်းမျဉ်းစည်းကမ်းတွေဟာ မတရားဘူးလို့လည်း သူတို့က ပြောဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတဲ့ အစောပိုင်းကာလမှာ များများစစ်၊ များများခြေရာခံ နည်းစနစ်ကိုအသုံးပြုခဲ့ပြီး အခုအခုမှာတော့ ပိုမိုပြင်းထန်တဲ့ ရောဂါပျံ့နှံ့ဖြစ်ပွားမှုကို  တားမြစ်ဖို့ တင်းကျပ်လွန်းတဲ့ ခပ်ခွာခွာနေရေး အစီအမံတွေကို တိုးမြှင့်လုပ်ဆောင်နေတာပါ။ တိုက်ကွမ်ဒိုနဲ့ ဘဲလေးသင်တန်းကျောင်တွေကို အကန့်အသတ်နဲ့ ဆက်ဖွင့်ခွင့်ပြုခဲ့ပေမယ့် စည်းမျဉ်းသစ်တွေအရ အတင်းအကျပ် ပိတ်ရတဲ့ထဲမှာ Gym အားကစားရုံတွေလည်း ပါဝင်လာတာ ဖြစ်ပါတယ်။ ကိုရီးယား ရောဂါထိန်းချုပ်ရေးနဲ့ ကြိုတင်ကာကွယ်ရေးအေဂျင်စီ (KDCA) အကြီးအကဲကလည်း အားကစားလုပ်ရင်း နှာခေါင်းစည်းတပ်ဖို့ ခက်တာကြောင့် Gym တွေကို တားမြစ်ရတယ်လို့  ပြောပါတယ်။ ဒါပေမဲ့ မျှတတဲ့ လမ်းညွှန်ချက်တွေဖြစ်အောင် ဆွေးနွေးသွားပါ့မယ်လို့ KDCA အကြီးအကဲက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up