A d v e r t i s e m e n t With Us

ကိုဗစ်-၁၉ လူနာသစ် ၆၄၇ ဦးတွေ့ရှိ၊ သေဆုံးသူ ၂၂ ဦးထပ်တိုး

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၆၄၇ ထပ်မံတွေ့ရှိခဲ့ပြီး သေဆုံးသူ ၂၂ ယောက် ထပ်တိုးလာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည  ထုတ်ပြန်ချက်အရ သိရပါတယ်။ သေဆုံးသူ ၂၂  ယောက်ထဲမှာ ၁၈ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဇန်နဝါရီ ၄ ရက် ည ၈ နာရီမှ ဇန်နဝါရီ ၅ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၉,၇၇၀ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၆၄၇ ယောက် ထပ်မံတွေ့ရှိခဲ့တာပါ။ လူနာသစ်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန် ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ ၆၀၅ ယောက်ရှိပြီး ပြည်သူ့ဆေးရုံတွေက ၄၃၁ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၁၇၄ ယောက်  ပါဝင်တယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ အယောက် ၃၂၀ ကို နေအိမ်တွေမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၅ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၂၇,၅၈၂ ယောက်၊ သေဆုံးသူ ၂,၇၆၆ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၁၀,၈၀၅ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၈၆ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၈ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၆၁ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။ ပုံစာ - မန္တလေးတိုင်း၊ ဧရာစင်တာ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန၊ အထူး ကြပ်မတ်ကုသဆောင် (ICU)

A d v e r t i s e m e n t With Us

More News
Up