ဘာကာအသင်း ဝန်ထမ်း ၂ ဦး ပိုးတွေ့‌၊ အသင်း၏လေ့ကျင့်ရေးအစီအစဉ် ရွှေ့ဆိုင်း

အသင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့နေမှုကြောင့် ဘာစီလိုနာအသင်းဟာ အင်္ဂါနေ့လေ့ကျင့်ရေးအစီစဉ်ကို ရွှေ့ဆိုင်းလိုက်ရပါတယ်။  ဘာကာအသင်းဟာ လာလီဂါပွဲစဉ်အဖြစ် ဗုဒ္ဓဟူးနေ့မှာ ဘီလ်ဘာအိုအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပေမယ့် အသင်းဝန်ထမ်းတွေနဲ့ ကစာသမားတွေကို ကိုဗစ်-၁၉ နဲ့ ပတ်သက်တဲ့ ‌ဆေးစစ်မှုမပြုလုပ်ခင် အင်္ဂါနေ့မနက်ပိုင်း လေ့ကျင့်ရေးအစီစဉ်ကို ရွှေ့ဆိုင်းလိုက်ရတာဖြစ်ပါတယ်။ အသင်းဝန်ထမ်း ၂ ဦးမှာ ပိုးတွေ့ခဲ့လို့ဖြစ်ပြီး အသင်းအနေနဲ့ နောက်ထပ်ပိုးတွေ့သူရှိ၊ မရှိကို စစ်ဆေးဖို့ လိုအပ်နေတာဖြစ်ပါတယ်။ “တနင်္လာနေ့ PCR စစ်ဆေးမှုတွေအပြီးမှာ ပထမအသင်းရဲ့ဝန်ထမ်း ၂ ဦးမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေကြောင်းတွေ့ခဲ့ရပါတယ်" လို့ အသင်းက ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။  "ဒီကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို အကြောင်းကြားထားပြီး အင်္ဂါနေ့မှာလည်း တစ်သင်းလုံးကို ဆေးစစ်မှုလုပ်  ဆောင်သွားဦးမှာပါ။ ရလဒ်အနေနဲ့ အင်္ဂါနေ့မနက် လုပ်ဆောင်မယ့်လေ့ကျင့်ရေးအစီစဉ်ကို ရွှေ့ဆိုင်းထားပြီး လေ့ကျင့်ရေး အချိန်အသစ်နဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲလုပ်မယ့်အချိန်ကို မနက်ဖြန်မှာ ထုတ်ပြန်ကြေညာပေးသွားပါမယ်” လို့ ဆိုပါတယ်။ ဘာကာအသင်းဟာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းမှာ Huesca အသင်းကိုအနိုင်ရရှိခဲ့ပြီး လာလီဂါမှာ ၆ ပွဲဆက်ရှုံးပွဲမရှိခဲ့တာပါ။ ဒါပေမယ့် ဒီ ၆ ပွဲထဲက ၂ ပွဲကိုသရေကျခဲ့ပါတယ်။ ဘာကာအသင်းဟာ လက်ရှိအချိန်မှာ လာလီဂါအမှတ်ပေးဇယားရဲ့အဆင့် ၅ နေရာမှာရှိနေပြီး ထိပ်ဆုံးက အက်သလက်တီကိုအသက်ထက် ၁ ပွဲပိုကစားကာ အမှတ်ကွာဟမှု ၁၀ မှတ်အထိရှိ နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up