Homeမြန်မာသတင်း
တိုင်းရင်းသားမဟာမိတ်နဲ့အစိုးရ နိုင်ငံရေးဆွေးနွေးပွဲအတွက် ဒုတိယအကြိမ် ညှိနှိုင်း
တိုင်းရင်းသားမဟာမိတ်နဲ့အစိုးရ နိုင်ငံရေးဆွေးနွေးပွဲအတွက် ဒုတိယအကြိမ် ညှိနှိုင်း
အေးနိုင်
·
September 8, 2013
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အကြား နိုင်ငံရေးဆွေးနွေးပွဲအတွက် အကြိုညှိနှိုင်းရာမှာ သဘောတူညီချက်တစုံတရာမရရှိဘဲ အဆုံးသတ်ခဲ့ပါတယ်။
ဦးအောင်မင်းဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ နိုင်ဟံသာဦး ဆောင်တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့က ကိုယ်စားလှယ်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ဟောလီဒေးအင်းဟိုတယ်မှာ ဆွေးနွေးကြတာပါ၊
ဒီဆွေးနွေးပွဲမှာ အစိုးရဘက်က လာမယ့်အောက်တိုဘာမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးရေးကို တင်ပြခဲ့ပြီး ဒီအချက်ကို တိုင်းရင်းသားတွေဘက်က ပြည်နယ်အဆင့်။ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးပြီးဖြစ်တာကြောင့် ထပ်မံထိုးဖို့ လိုအပ်မအပ် မေးခွန်းထုတ်ခဲ့ပါတယ်။ အစိုးရဘက်က သဘောတူတဲ့အဖွဲ့လာလက်မှတ်ထိုးဖို့ တံခါးဖွင့် ထားမယ့်အကြောင်း ပြောဆိုခဲ့ပါတယ်။
အစိုးရဘက်ကတော့ တနိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ လက်မှတ်ရေးထိုးပြီးမှ သာနိုင်ငံရေးဆွေးနွေးပွဲတွေ စနိုင်မယ်လို့ ပြောခဲ့ပါတယ်၊
ဒီနှစ်ဖေဖော်ဝါရီလတုန်းက နိုင်ငံရေးဆွေးနွေးပွဲအကြိုညှိနှိုင်းပွဲကို ချင်းမိုင်မြို့မှာ တကြိမ်ကျင်းပခဲ့ဖူးပြီး နှစ်လအကြာမှာ ထပ်တွေ့ဖို့ သဘောတူခဲ့ပေမယ့် ခုနှစ်လနီးပါးအကြာမှ ဒုတိယအကြိမ် ပြန်တွေ့နိုင်ကြတာပါ၊ ဒီကနေ့မှာတော့ တတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲကျင်းပမယ့်နေရာကော အချိန်ပါ မ သတ်မှတ်နိုင်ဘဲ အစည်းအဝေးအဆုံးသတ်ခဲ့ပါတယ်၊
ဆွေးနွေးပွဲမှာ ဆုံးဖြတ်ချက်တစုံတရာမချမှတ်နိုင်ပေမယ့် တစ်ဘက်ရဲ့လိုလားချက်ကို တဘက်က ပိုမိုနားလည်စေတဲ့ တိုးတက်ဖြစ်ထွန်းမှုဖြစ်တယ် လို့ နှစ်ဘက်ခေါင်းဆောင်တွေက ပြောပါတယ်၊
[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/unfc08092013/]