မတော်တဆမှုကြောင့် ခြေတောက်ဖြတ်ထားရသည့် အမျိုးသား ၁ ဦး ကြိုးဆွဲချ သေဆုံး
DVB
·
January 5, 2021
ထိုင်းနိုင်ငံ စက်ရုံတခုမှာ မတော်တဆဖြစ်ပွားပြီး ခြေထောက်တဖက် ဖြတ်တောက်ထားရတဲ့ မွန်ပြည်နယ် ပေါင်မြို့နယ်က အမျိုးသားတယောက်ဟာ မနေ့က အိမ်မှာ ကြိုးဆွဲချ သေဆုံးခဲ့ တယ်လို့ ပေါင်မြို့မရဲစခန်းဆီက သိရပါတယ်။
ပေါင်မြို့မရဲစခန်းမှူး ဒုရဲမှူး ညိုဝင်းက “ကောင်လေးက စိတ်ကျနေပုံရတယ်လို့ မိဘတွေဆီက သိရတယ်။ အခင်းဖြစ်နေ့ မနက်က နေအိမ်ထုပ်တန်းမှာ ကြိုးဆွဲချသေဆုံးနေခဲ့တာ ဖြစ်ပြီး ထိုင်းက ပြန်ရောက်တာ မကြာသေးဘူးလို့ သိရတယ်” လို့ ပြောပါတယ်။
ပေါင်မြို့နယ် အလှပ်ကျေးရွာ အနောက်ပိုင်းနေ အသက် ၂၄ နှစ်အရွယ် ဇင်းမင်းထိုက်ဟာ ထိုင်းနိုင်ငံက စက်ရုံတခုမှာ အလုပ်သွားရောက်လုပ်ကိုင်ခဲ့ပြီး မတော်တဆမှုတခုကြောင့် ခြေထောက်တဖက် ဖြတ်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းက ဇာတိရွာကို ပြန်ရောက်လာတာဖြစ်ပြီး ဇန်နဝါရီ ၄ ရက် မနက်က နေအိမ်ပေါ်က အမြင့် ၁၀ ပေလောက်ရှိတဲ့ ထုပ်တန်းမှာ နိုင်လွန်ကြိုးတချောင်းကိုသုံးပြီး ကြိုးဆွဲချ သေဆုံးခဲ့တာလို့ ပေါင်မြို့မ ရဲစခန်းဆီက သိရပါတယ်။
ဒီအမှုနဲ့ ပတ်သက်လို့ ပေါင်မြို့မရဲစခန်းမှာ သေမှုသေခင်း အမှတ်စဉ် ၁/၂၀၂၁ နဲ့ အမှုဖွင့်လှစ်ပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ရဲထွဋ်