A d v e r t i s e m e n t With Us

သွင်းဂိုးပိုရရေး တိုက်စစ်မှူးတစ်ဦး လိုအပ်ကြောင်း ဘာစီလိုနာနည်းပြပြော

သွင်းဂိုးတွေပိုရဖို့အတွက် တိုက်စစ်မှူးတစ်ဦး လိုအပ်တယ်လို့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက ပြောပါတယ်။  ဘာစီလိုနာအသင်းဟာ ဟူစကာနဲ့ပွဲစဉ်မှာ ကွင်းလယ်ကစားသမား ဖရန့်ကီဒီဂျောင်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။  အဲဒီပွဲစဉ်မှာ ဂိုးကန်သွင်းချက်အကြိမ် ၂ဝ အထိ ရှိခဲ့ပေမယ့် တစ်ဂိုးသာ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့တာပါ။  ဘာစီလိုနာအသင်းအနေနဲ့ အခုထက်ဂိုးတွေ ပိုမိုသွင်းယူနိုင်ဖို့လိုအပ်ပြီး  ပြောင်းအရွှေ့မှာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ ကိုးမန်းကဆန္ဒရှိနေတာပါ။ အသင်းတိုက်စစ်မြားဦးနေရာမှာ ပြိုင်ဆိုင်မှုပိုရှိပြီး သွင်းဂိုးပိုမိုရရှိဖို့အတွက် တိုက်စစ် မှူးတစ်ဦး လိုအပ်တယ်ဆိုတာ ရာသီအစကတည်းက ပြောခဲ့ပေမယ့် ဖြစ်မလာခဲ့ဘူးလို့ နည်းပြကိုးမန်းက ပြောပါတယ်။  ဘာစီလိုနာတိုက်စစ်မှာ  မာတင်ဘရေ့ဝိတ်တစ်ဦးသာ အထောင်တိုက်စစ်မှူး စစ်စစ်ရှိပြီး ဂရစ်မန်း၊ မက်ဆီ၊ ဒမ်ဘီလီ စအရှိတဲ့ ကစားသမားတွေရှိပေမယ့် ပွဲဆက်များလာချိန်မှာ တိုက်စစ်မှူးတစ်ဦး ခေါ်ဖို့လိုတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up