A d v e r t i s e m e n t With Us

အီရန် နျူကလီးယားကြွယ်ဝရေးအစီအစဉ် ပြန်စတင်မှု အီးယူ သတိပေး

အီရန်ရဲ့ နျူကလီးယားကြွယ်ဝရေးအစီအစဉ် ပြန်စနေတာ ၂၀ ရာခိုင်နှုန်း ရောက်နေပြီ ဆိုတဲ့အချက်သာ အတည်ပြုနိုင်ခဲ့ပါက အီရန်ဟာ ၂၀၁၅ နျူကလီးယား သဘောတူညီချက် (JCPOA) အတွက် ပေးထားတဲ့ ကတိကနေ သိသိသာသာ ထွက်သွားနေတာလို့ ဥရောပသမဂ္ဂရဲ့ ပြောခွင့်ရက ဇန်နဝါရီ ၄ ရက်မှာ ပြောလိုက်ပါတယ်။ အီရန်အပေါ် အင်အားကြီးနိုင်ငံတွေက ချမှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ်မှုကို ဖြေလျှော့ပေးဖို့ အပြန်အလှန်အနေနဲ့ အီရန်ရဲ့ နျူကလီးယားလက်နက် တီထွင်ထုတ်လုပ်တဲ့ အစီအစဉ်ကို ရပ်နားထားဖို့ အီရန်နဲ့ အင်အားကြီးနိုင်ငံတွေကြား ၂၀၁၅ ခုနှစ်က သဘောတူထားခဲ့ကြတာပါ။ JCPOA သဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ကြောင်း အီရန်အစိုးရဟာ ဇန်နဝါရီ ၄ ရက်က ကြေညာပါတယ်။ တကယ်လို့ ကြေညာချက်ကို အကောင်အထည်ဖော်ခဲ့ရင် အီရန်အာဏာပိုင်တွေရဲ့ ကြေညာချက်ဟာ နျူကလီးယားလက်နက်တွေ ဖောချင်းသောချင်း မပြန့်ပွားရေး JCPOA သဘောတူညီချက်အောက်က ကတိတွေကို သွေဖည်ရာ ရောက်လိမ့်မယ်လို့ အီးယူ ပြောခွင့်ရက အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီအရေးနဲ့ပတ်သက်ပြီး နောက်ထပ် မှတ်ချက်မပေးခင် နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) က အီးယူအဖွဲ့ဝင်နိုင်ငံတွေကို ဘာတွေ အသေးစိတ် ညွှန်ကြား ရှင်းလင်းမလဲ ဆိုတာ စောင့်ကြည့်မယ်လို့ အီးယူက ပြောထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up