မန်စီးတီး အမျိုးသမီးဘောလုံးသမား ၄ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

MANCHESTER, ENGLAND - DECEMBER 13: Caroline Weir of Manchester City celebrates with team mates after scoring their team's second goal during the Barclays FA Women's Super League match between Manchester City Women and Arsenal Women at Manchester City Football Academy on December 13, 2020 in Manchester, England. The match will be played without fans, behind closed doors as a Covid-19 precaution. (Photo by Alex Livesey/Getty Images)
176
မန်စီးတီးအမျိုးသမီးဘောလုံးအသင်း ကစားသမား ၄ ဦးမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့ အသင်းက ဇန်နဝါရီ ၄ ရက်က အတည်ပြုပြောကြားလိုက်ပါတယ်။
ရောဂါကူးစက်ခံထားရတဲ့ ကစားသမားတွေရဲ့ အမည်ကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ လက်ရှိမှာတော့ သူတို့ကို သီးခြားစီခွဲပြီး ထားရှိတယ်လို့ ဆိုပါတယ်။
ကလပ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အကြာကလည်း အမျိုးသားဘော လုံးကစားသမား ၆ ဦး ရောဂါကူးစက်ခံခဲ့ရလို့ အဲဗာတန်အသင်းနဲ့ ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရပြီး ရောဂါထပ်မံကူးစက်မှု ဖြစ်မလာစေဖို့အတွက် လေ့ကျင့်ရေးကွင်းကို ၂ ရက်ကြာ ပိတ်ထားခဲ့ရပါသေးတယ်။
မန်စီးတီး အမျိုးသမီးဘောလုံးကလပ်အသင်းကတော့ အမျိုးသမီး စူပါလိဂ်အသင်း ဇယားမှာ ၉ ပွဲကစားပြီး ရမှတ် ၁၈ မှတ်ရရှိထားကာ အဆင့် ၄ နေရာမှာ ရပ်တည်နေတာပါ။
သူတို့အသင်းဟာ လာမယ့်စနေနေ့မှာတော့ ဝက်စ်ဟမ်းအသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြရမှာ ဖြစ်ပါတယ်။