လယ်သမားအရေး ဆောင်ရွက်သူ ဦးဝင်းချိုကို တရားစွဲဆို
DVB
·
September 6, 2013
နိုင်င်ငံတော် အကြည်ညိုပျက်စေမှု (ပုဒ်မ ၅၀၅-ခ)၊ ငြိမ်းချမ်းစွာ စုဝေးခွင့် စီတန်းလှည့်လည်ခွင့် (ပုဒ်မ ၁၈)တွေ ၃မှုပေါင်း တရားစွဲထားတဲ့ လယ်သမားအရေး ဆောင်ရွက်သူ ဦးဝင်းချိုနဲ့ အမှုတွဲ(၆)ယောက်ကို စက်တင်ဘာ(၅)ရက်နေ့က ပဲခူး မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက တသီးပုဂ္ဂလ ဝင်ပြိုင်ခဲ့ဖူးတဲ့ ဦးဝင်းချိုဟာ ဩဂုတ်လ ၃၁ရက်နေ့တုန်းက ပဲခူးမြို့ ရွှေမောဓောဘုရားခြေရင်းမှာ ဟောပြောခဲ့မှုနဲ့ ဖမ်းဆီး အရေးယူထားတာ ဖြစ်ပါတယ်။
[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/Uwincho/]