သမ္မတ စာနယ်ဇင်း​ကောင်စီကို ​ငွေလှူ

ဓာတ်ပံု- ဒီဗီွဘီ
မီဒီယာ ဥပ​ဒေတရပ်​ပေါ်ထွက်လာ​စေ​ရေး​ အတွက် နိုင်ငံ​တော် သမ္မတဦး​သိန်း​စိန်ရဲ့​ မြန်မာနိုင်ငံ စာနယ်ဇင်း​ ​ကောင်စီ(ယာယီ) အတွက် ကျပ်သိန်း​ငါး​ရာ အလှူ​ငွေကို ပြန်ကြား​ရေး​ဝန်ကြီး​ဌာန ဒုတိယ ဝန်ကြီး​ ဦး​ပိုက်​ထွေး​ က ​ကောင်စီရုံး​ခန်း​မှာ လာ​ရောက်​ပေး​အပ်ခဲ့​ပါတယ်။ စက်တင်ဘာ ၄ ရက်​နေ့​မှာ မြန်မာနိုင်ငံ စာနယ်ဇင်း​ကောင်စီ (ယာယီ)ရဲ့​ တစ်နှစ်တာ ကာလအတွင်း​ ပထဆုံး​ အ​နေနဲ့​ သမ္မတရဲ့​ အ​ထောက်အပံ့​ကို ရရှိခဲ့​တာ ဖြစ်ပါတယ်။ အရင်က ​ကောင်စီအတွက် လိုအပ်ချက် အသုံစရိတ်​တွေ ဖြစ်တဲ့​ ရုံး​ခန်း​ဌား​တာ၊​ အသုံး​အ​ဆောင် ပစ္စည်း​တွေနဲ့​ အ​ထွေ​ထွေ ကုန်ကျစရိတ်​တွေကို အဖွဲ့​ဝင်​တွေရဲ့​ ထည်ဝင်​ငွေ​တွေနဲ့​ စိုက်ထုတ် သုံး​စွဲခဲ့​ရတာပါ။ [caption id="attachment_30878" align="alignright" width="300" caption="ဓာတ်ပုံ- ဒီဗွီဘီ"][/caption]ပြီး​ခဲ့​တဲ့​ သီတင်း​ပတ်က မြန်မာနိုင်ငံစာနယ်ဇင်း​ကောင်စီ (ယာယီ)က တာဝန်ရှိသူ​တွေနဲ့​ သမ္မတ ဦး​သိန်း​စိန်တို့​ ​တွေ့​ဆုံခဲ့​ပြီး​ ​ကောင်စီကို အခုလို ​ပေး​အပ်ခဲ့​တာ ဖြစ်ပါတယ်။ သမ္မတ ဦး​သိန်း​စိန်ရဲ့​ အခုလို လှူဒါန်း​လိုက်တဲ့​ငွေ​ကြေး​ကို ​ကောင်စီက လက်ခံလိုက်တဲ့​ အ​ပေါ် ​ကောင်စီရဲ့​ လွတ်လပ်စွာ ရပ်တည်မှုနဲ့​ ပတ်သက်ပြီး​ ​ဝေဖန်သံအချို့​ ထွက်​ပေါ်ခဲ့​ ပါတယ်။ ဒီလို​ဝေဖန်မှု​တွေအ​ပေါ် စာနယ်ဇင်း​ကောင်စီ (ယာယီ)က ဦး​ကျော်မင်း​ဆွေက​တော့​ သ​ဘောထား​ ကွဲလွဲတာကို လက်ခံသလို လုပ်ရပ်နဲ့​ တိုင်း​တာဖို့​ လိုတယ်လို့​ပြောပါတယ်။ ဦး​ကျော်မင်း​ဆွေက “ကျ​နော်တို့​ စာနယ်ဇင်း​ကောင်စီက အရင်က ဘာလုပ်ခဲ့​သလဲ ​ရှေ့​လျှောက် ဘာလုပ်မလဲဆိုတာကို ကြည့်​ပြီး​တော့​မှ ဆုံး​ဖြတ်တာ လုပ်ရပ်နဲ့​ တိုင်း​တာတာ အ​ကောင်း​ဆုံး​လို့​ ကျ​နော်က​တော့​ ယူဆပါတယ်၊​ ​နောက်တခါ အစိုး​ရက ​ပေး​တယ်ဆိုတာ သမ္မတရုံး​က ​ပေး​တယ်ဆိုတာ သမ္မတက လှူဒါန်း​တယ်ဆိုတာ သမ္မတ ကိုယ်ပိုင်​ငွေလဲမဟုတ်ပါဘူး​၊​ အစိုး​ရ ကိုယ်ပိုင်​ငွေလည်း​ မဟုတ်ပါဘူး​၊​ အစိုး​ရ ဘတ်ဂျက်ဆိုတာ ပြည်သူ့​ အကျိုး​ နိုင်ငံအကျိုး​ မီဒီယာ အကျိုး​လုပ်​နေတဲ့​ လူပုဂ္ဂိုလ်တ​ယောက်က ယူတာ မဟုတ်တဲ့​ အပြင် အဖွဲ့​အစည်း​ တခုက ပြည်သူ့​ ဘဏ္ဍာ သုံး​တာ ဘာမှ ပြဿနာ မရှိပါဘူး​၊​ အဓိက အ​ရေး​ကြီး​တာက​တော့​ စာနယ်ဇင်း​ကောင်စီရဲ့​ လုပ်ရပ်နဲ့​ အကဲဖြတ် တိုင်း​တာတာ ​ကောင်း​မယ်ထင်ပါတယ်” လို့​ပြောပါတယ်။ “တခုခု အ​ကြောင်း​တစုံတရာ ရှိလို့​ရှိရင် ဒီမိုက​ရေစီသ​ဘောအရ သ​ဘောတူတာ မတူတာကို ကျ​နော်တို့​ ​လေး​လေး​ နက်နက် နား​လည် သ​ဘော​ပေါက်ပါတယ်၊​ အ​ရေး​ကြီး​တာက​တော့​ ဘယ်ကိစ္စပဲ ဖြစ်ဖြစ် ကျ​နော်တို့​က ဘယ်သူကိုပဲ ဖြစ်ဖြစ် လက်​တွေ့​လုပ်ရပ်နဲ့​ပဲ ကျ​နော်တို့​ တိုင်း​တာ အကဲဖြတ်တာ အ​ကောင်း​ဆုံး​ ဖြစ်မယ်လို့​ ကျ​နော်က​တော့​ ထပ်​လောင်း​ပြီး​ ​ပြောပါရ​စေ” လို့​ ဦး​ကျော်မင်း​ဆွေက ​ပြောပါတယ်။ မြန်မာနိုင်ငံ စာနယ်ဇင်း​ကောင်စီ (ယာယီ)ဟာ လွှတ်​တော်မှာ ​ဆွေး​နွေး​နေတဲ့​ ပုံနှိပ်နဲ့​ ထုတ်​ဝေသူများ​ ဥပ​ဒေကြမ်း​အပါအဝင် မီဒီယာ ဥပ​ဒေကြမ်း​နဲ့​ ပတ်သက်ပြီး​ ပြန်ကြား​ရေး​ ဝန်ကြီး​ဌာနနဲ့​ သ​ဘောထား​ ကွဲလွဲမှု​တွေ ရှိခဲ့​ပါတယ်။ မီဒီယာ ဥပ​ဒေကြမ်း​ သ​ဘောထား​ ကွဲလွဲချက်​တွေကို ၂ ဖက်စလုံး​က ညိနှိုင်း​ဆွေး​နွေး​ခဲ့​ပြီး​ သ​ဘောတူညီချက်​တွေ ရရှိခဲ့​သလို သ​ဘောမတူတဲ့​ အချက်​တွေကို​တော့​ လွှတ်​တော်ရဲ့​ အဆုံး​အဖြတ်ကို ခံယူသွား​ဖို့​ ရှိ​နေပါတယ်။ အပြည့်​အစုံကို အသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up