A d v e r t i s e m e n t With Us

ထိုင်းနိုင်ငံ စီရင်စု ၂၈ ခုကို ကိုဗစ်-၁၉ ကူးစက်မှု အနီရောင်ဇုန်အဖြစ် သတ်မှတ်

ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေ စီမံခန့်ခွဲရေးဌာန (CCSA) က ထိုင်း-မြန်မာ နယ်စပ်က ကန်ချနဘူရီ၊ ချမ်ပွန်၊ ပရာကျွတ် ခိရိခန်း၊ ပတ်ချ်ဘူရီ၊ ရနောင်းနဲ့ ရတ်ချ်ဘူရီ တိုင်းတွေ အပါအဝင် ထိုင်းနိုင်ငံအတွင်း တိုင်း ၇၇ ခုထဲက ၂၈ ခုကို ကူးစက်မှု အမြင့်ဆုံး ထိန်းချုပ်ဇုန် ဒါမှမဟုတ် အနီရောင်ဇုန်အဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒီဇုန်တွေထဲက ကျောင်းတွေကိုလည်း နောက်ထပ်တစုံတရာ အကြောင်းမကြားမချင်း ဇန်နဝါရီ ၃၁ ရက်ထိ ပိတ်ထားဖို့ ပညာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂ ရက်မှာ ကြေညာလိုက်ပါတယ်။ စနေနေ့က ထုတ်ပြန်လိုက်တဲ့ ဒီအမိန့်ဟာ ထိုင်းနိုင်ငံအတွင်း ပညာရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်း အားလုံး၊ အစိုးရနဲ့ ပုဂ္ဂလိကကျောင်းအားလုံးအတွက် အကျုံးဝင်ပါတယ်။ အနီရောင်ဇုန်အတွင်း ကျရောက်နေတဲ့ စီရင်စု ၂၈ စုမှာ ကူးစက်မှု ထိန်းချုပ်ရေး ကန့်သတ်ချက် တိုးလုပ်ဖို့ (CCSA) က အဆိုပြုပါတယ်။ ပိတ်ထားရတဲ့ ကျောင်းတွေက ကျောင်းသားတွေကို အွန်လိုင်းကနေ ဆက်လက် စာသင်သွားဖို့ မျှော်လင့်ထားပါတယ်။ အနီရောင်ဇုန်တွေက တိုင်းတွေအချင်းချင်းကြား သွားလာမှုကန့်သတ်ဖို့နဲ့ ဘားတွေ နိုက်ကလပ်တွေကို ပိတ်ထားဖို့အပြင် လူတွေ တတ်နိုင်ရင် အိမ်ကနေ အလုပ်လုပ်ကြဖို့ (CCSA) က ဝန်ကြီးချုပ် ပရာယွတ်သ်ချန်အိုချာကကို အဆိုပြုထားပါတယ်။ ဒါ့အပြင် တိုင်းအုပ်ချုပ်ရေးမှူးတွေကိုလည်း ဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ရေး ကိုယ်ပိုင် စည်းမျဉ်းတွေကို ချမှတ်ဖို့ ခွင့်ပြုတဲ့ အထူးအုပ်ချုပ်ခွင့်ပေးမယ်လို့ ယုံကြည်ထားကြပါတယ်။ ခုလို တိုင်းခရိုင်အလိုက် ကျောင်းတွေကို ပိတ်ထားရလို့ အစိုးရစစ် စာမေးပွဲ ၂ ရပ် ဖြစ်တဲ့ အလယ်တန်းဝင်ခွင့်နဲ့ အထက်တန်းဝင်ခွင့် အမျိုးသားအဆင့် ပညာရေးစာမေးပွဲ အိုနက်က ရမှတ်တွေကို လာမယ့်စာသင်နှစ်အတွက် လိုအပ်ချက်အဖြစ် သုံးမှာ မဟုတ်ဘူးလို့လည်း ကြေညာပါတယ်။ ပညာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်က “ဒီနှစ်မှာ အဲဒီ စာမေးပွဲတွေကို ဆက်စစ်မှာ မဟုတ်တော့ဘူး။ ကပ်ရောဂါဘေးဟာ နိုင်ငံအနှံ့က ကျောင်းတွေမှာ ကျောင်းသားတွေကို လုံလောက်တဲ့ သင်ခန်းစာတွေ မသင်ပေးနိုင်အောင် ဟန့်တားထားတယ်” လို့လည်းပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up