မိုးကုတ်တွင် ကျောက်မျက်လုပ်ကွက်ဟောင်းတစ်ခု တွင်းပြိုကျသဖြင့် ၁ ဦးသေဆုံး
DVB
·
January 3, 2021
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်ရှိ ငါးရံ့အင်း ကျောက်မျက်လုပ်ကွက်ဟောင်း တစ်ခုမှာ ဇန်နဝါရီ ၃ ရက်က တွင်းပြိုကျပြီး တွင်းလုပ်နေသူတစ်ဦး ပိတ်မိ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးဖွဲ့ မိုးကုတ်မှ ကိုဟိန်းထက်မောင်က ပြောပါတယ်။
တွင်းအနက်ပေ ၁၅ ပေအနက်ရှိပြီး ပိတ်မိခဲ့သူ လူနှစ်ဦးအနက် တစ်ဦး သေဆုံးခဲ့ပြီး ကျန်တစ်ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို မိုးကုတ်မြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
တွင်းပြိုကျရာ နေရာကို မြို့နယ် သန္ဓေနဲ့ အရန်မီးသတ်တပ်ဖွဲ့၊ ကြကက်ခြေနီတပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကူညီကယ်ဆယ်ခဲ့ကြတယ်လို့ သိရပါတယ်။
သတင်း - ဟန်နာထက်အောင်၊ ဓာတ်ပုံ - Mogok Rescue